Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတွင် စစ်​​ကောင်စီတပ်က အင်အား ၂၀၀ ခန့်ကို​လေ​ကြောင်းမှထပ်မံဖြည့်တင်း

ကရင်နီတွင်တပ်ရင်းလိုက်ပြုတ်သည် အထိ့သေဆုံးဒဏ်ရာရခဲ့​သောစစ်ကောင် စီတပ်သည် ဧပြီလပထမ ပါတ်ကလည်း ပင်လောင်း နှင့် ဒီးမော့ဆို မြို့နယ်တို့တွင်အင်အား ဖြည့်တင်းခဲ့သည်။

(ကချင်ပြည်နယ်စစ်သားအချို့ကို​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(ကချင်ပြည်နယ်စစ်သားအချို့ကို​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

ကရင်နီ(ကယား)ပြည်နယ်တွင် အထိနာနေသော စစ်ကောင်စီတပ်က တပ်မ ၅၅ မှ တပ်ရင်းနှစ်ရင်းစာအင်အားထပ်မံဖြည့်တင်းလာကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဧပြီ ၁၉ ရက်)က စစ်တပ်၏ ထောက်ပို့လေယာဥ် အပါအဝင် ရဟတ်ယာဥ်တစ်စီးဖြင့် ရိက္ခာ နှင့် စစ်ကောင်စီတပ်သားအင်အား ၂၀၀ ခန့်ကို ဘောလခဲ သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“တပ်ရင်းအသေးစိတ်တော့ မသိရသေးဘူး။မနေ့က ညနေပိုင်းလောက်က ဘောလခဲကို လေယာဥ်နှစ်စင်း ဆင်းတယ်။စကစ တပ်သားတွေ အများစု ပါလာတယ်။စစ်ကြောင်းထပ်ထိုးဖို့ လူအင်အား ထပ်ဖြည့်တာလို့ပဲ လောလောဆယ် သုံးသပ်နိုင်တယ်”ဟု ဘောလခဲ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

ကရင်နီတွင်တပ်ရင်းလိုက်ပြုတ်သည် အထိ့သေဆုံးဒဏ်ရာရခဲ့​သောစစ်ကောင် စီတပ်သည် ဧပြီလပထမ ပါတ်ကလည်း ပင်လောင်း နှင့် ဒီးမော့ဆို မြို့နယ်တို့တွင်အင်အား ဖြည့်တင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုထဲမှ ဧပြီ ၆ ရက်က ဒီးမော့ဆို မြို့နယ်သို့ ရောက် လာသည့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှာ ဒေါညေးခူကျေးရွာနှင့်ဘောလခဲမြို့နယ်သို့သွားရာ လမ်းပိုင်းတွင် ယမန်နေ့( ဧပြီ၁၉ ရက်) နေ့လယ် ၁ နာရီခန့်က ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၈)ဦးသေဆုံးခဲ့ပြီးတစ်ဦးကိုအရှင်ဖမ်းမိခဲ့သည်။ စစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ငယ် (၆)လက်နှင့် ကျည်အချို့သိမ်းဆည်းရရှိခဲ့​ကြောင်း ကရင်နီတပ်မ​​တော်ကသတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအား လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှစစ်မျက်နှာစာနှစ်ဖက်ညှပ်၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့ နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ် ကြောင်းအားကရင်နီတပ်မတော် KA၊ KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံတိုက်ခိုက်လျက်နေသည်။

ထို့ကြောင့် တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ဘောလခဲမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းများအား ဒေါတမကြီး၊ ဒေါညင်းခူ နှင့် ဒေါဆိုဖျကျေးရွာအနီးတဝိုက်တို့တွင် ကရင်နီတပ်မတော်(KA)၊ KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ အင်အားထောင်နှင့်ချီ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့​သော် စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုများပြီး လက်နက်ခဲယမ်းများစွာဆုံးရှုံးပြီး ​ရှေ့သို့တိုးနိုင်ခြင်းမရှိ​ပေ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook