Connect with us

Hi, what are you looking for?

သတင်း

ဧပြီလအတွင်း မန္တလေးမှာ သွေးသောက်အဖွဲ့လက်ချက်နဲ့ အမျိုးသား ၄ ဦးသေဆုံး

သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားရာမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်ကို လည်ပင်းမှာ တပ်ဆွဲထားခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် အတွင်း မန္တလေးမှာသွေးသောက်အဖွဲ့ကျုးလွန်တဲ့လူသတ်မှု (ပုံဟောင်း)

ဒီနှစ် ဧပြီလအတွင်း မန္တလေးမြို့ပေါ်မှာ သွေးသောက်အဖွဲ့ ရဲ့လက်ချက်နဲ့ အရပ်သား အမျိုးသား ၄ ဦးသေဆုံးခဲ့ပါတယ်။

သတ်ဖြတ်မှုတွေဟာ ဧပြီလ ပထမပတ် နဲ့ တတိယ ပတ်အတွင်း ဖြစ်ပွားခဲ့တာပါ။ ဧပြီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို ချမ်းမြသာစည်မြို့နယ်ထဲမှာ အမျိုးသား ၃ ဦး သတ်ဖြတ်ခံရပါတယ်။

သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားရာမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်ကို လည်ပင်းမှာ တပ်ဆွဲထားခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရတွေ့ရပါတယ်။

အဲဒီနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ် ၊သံလျှက်မော် တောင်ရပ်ကွက်ထဲမှာ သတ်လတ်ပိုင်းအရွယ် အမျိုးသား ရဲ့အလောင်းကို သွေးသောက်အဖွဲ့ရဲ့တံဆိပ်နဲ့အတူ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူ ၄ ဦးလုံးဟာ အသက် ၃၅ နှစ်ခန့်ကနေ ၅၀နှစ် ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက အကြမ်းဖျင်းခန့်မှန်းထားကြပါတယ်။

သေဆုံးသူတွေဟာ မည်သူမည်ဝါတွေဆိုတာ စုံစမ်းနေဆဲပါ။ မန္တလေးမှာ ပြီးခဲ့တဲ့ နှစ် ဧပြီလကစတင်ပြီး သွေးသောက်အဖွဲ့ အမည်ခံ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူတွေဟာ NLD ပါတီဝင်တွေ ၊ NLD ပါတီကို ဝန်းရံသူတွေနဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေဖြစ်ကြပါတယ်။

စစ်ကောင်စီကတော့ သွေးသောက်အဖွဲ့ နဲ့ပတ်သက်မှုမရှိဘူးလို့ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။