Connect with us

Hi, what are you looking for?

သတင်း

မယ်စိထာဂိတ်စခန်း KNUတိုက်ခိုက်၊ နာရီဝက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့

မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၁၅ဦးရှိ၍ ငါးဦးမှာ စခန်းအတွင်း သေဆုံးခဲ့ရာ ၁၀ဦးမှာ ဂိတ်စခန်းအား စွန့်ခွာထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪️စစ်ကောင်စီတပ် ငါးဦးသေဆုံး၊ ၁၀ဦး စခန်းကို စွန့်ခွာထွက်ပြေးသွား၊ လက်နက် ၅လက်နှင့် ကျည်များရဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နှင့် KNU ဖာပွန်ခရိုင် တပ်မဟာ (၅) အကြားရှိ စစ်ကောင်စီ၏ မယ်စိထာဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)နှင့် တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၈)၊ ခမရ (၄၀၁)တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ်အား ယနေ့ နံနက် ၄နာရီခွဲတွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာတွင် သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဂိတ်စခန်း သိမ်းပိုက်မှုဖြစ်စဥ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သား ငါးဦး စခန်းအတွင်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟုဖော်ပြသည်။

စစ်ကောင်စီတပ်ထံမှ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊ K3 (၃)လက်၊ ကျည်ဘောက် (၂၀)ခု၊ ကျည်ဆံ (၁,၅၀၀)တောင့်ကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁)နှင့် တပ်မဟာ (၅) ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်ကြောင်း၊ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၁၅ဦးရှိ၍ ငါးဦးမှာ စခန်းအတွင်း သေဆုံးခဲ့ရာ ၁၀ဦးမှာ ဂိတ်စခန်းအား စွန့်ခွာထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။

မယ်စိထာဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့အားဦးဆောင်သူ တပ်မှူးများမှာ သထုံခရိုင်-KNLA အမှတ်(၁)တပ်မဟာ ဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်သည်ဟု အသိပေးထားသည်။

ဧပြီ ၂၂ရက်ကလည်း KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီတပ်စခန်း ၄ခုကို KNLA/PDF ပူးပေါင်းတပ်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ၂ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကျန် စခန်း ၂ခုမှ စစ်ကောင်စီတပ်များသည်ထွက်ပြေးတိမ်းရှောင်သွားကြောင်း KNUက အသိပေးထားသည်။ အဆိုပါ စခန်းသိမ်း တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါအဝင် ၂၀ ကျော်သေဆုံးကာ လက်နက် ၁၀လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။