Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ပြည်သူ ငါးဦး၏အလောင်းများ တစ်လအကြာ ပြန်တွေ့

အသက် (၂၅)နှစ်အရွယ် ကိုညီညီ နှင့် ကိုလောရှုပ်၊ အသက် (၃၈)နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့်ကိုနေလင်းထွန်း၊ အသက်(၄၈)နှစ်အရွယ် ကိုဖိုးရှမ်းတို့ကို စစ်ကောင်စီတပ်က မဲဟဲကျေးရွာအား ရုတ်တရက် ဝင်ရောက်စီးနင်းစဥ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အင်းတော်တွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ပြည်သူ ငါးဦး၏အလောင်းများ တစ်လအကြာ ပြန်တွေ့
အင်းတော်တွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ပြည်သူ ငါးဦး၏အလောင်းများ တစ်လအကြာ ပြန်တွေ့

▪️အင်းတော်တွင် စစ်ကောင်စီတပ်က ပြည်သူများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး သုံးကြိမ်ကျူးလွန်ခဲ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မံဟဲရွာမှ ဒေသခံပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က မတ်လ ၂၄ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ၎င်းတို့၏ ရုပ်အလောင်းများကို တစ်လအကြာ တွေ့ရှိခဲ့သည်ဟု Indaw Revolution က ဖော်ပြသည်။

အသက် (၂၅)နှစ်အရွယ် ကိုညီညီ နှင့် ကိုလောရှုပ်၊ အသက် (၃၈)နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့်ကိုနေလင်းထွန်း၊ အသက်(၄၈)နှစ်အရွယ် ကိုဖိုးရှမ်းတို့ကို စစ်ကောင်စီတပ်က မဲဟဲကျေးရွာအား ရုတ်တရက် ဝင်ရောက်စီးနင်းစဥ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ပြည်သူ ငါးဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဧပြီ ၂၄ရက်) မော်လူးမြို့တောင်ဘက် ၄မိုင်ခန့်ရှိ တောထဲ၌တွေ့ရှိခဲ့ကြောင်း၊ အပိုင်းပိုင်းခုတ်ဖြတ်ကာ မီးရှို့ခံထားရသည့် ပုံစံဖြင့်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ ဒီဟာရောဆိုရင် အစုလိုက်၊အပြုံလိုက် အသတ်ခံရတာ သုံးကြိမ်မြောက်ပေါ့။ ပထမ ဖြစ်စဉ်က နတ်မဟုတ်ကြီးမှာ ပြည်သူ ၈ယောက်ကို ဖမ်းခေါ်သွားပြီး ရိုက်သတ်ထားခဲ့တာ။ ဒုတိယဖြစ်စဉ်က ထီးချိုင့်က လေးယောက်ကို ခေါ်ခဲ့ပြီး အင်းတော်မှာသတ်ပြီး ပစ်ထားခဲ့တာပေါ့။ အခု တတိယဖြစ်စဉ်က မံဟဲက ပြည်သူ ၅ယောက်ကို ဖမ်းခေါ်သွားတာပေါ့။မတ်လ ၂၄ရက်နေ့ကတည်းက။ ဧပြီလ ၂၄ရက်နေ့မှာ တွေ့တာဆိုတော့ တစ်လကြာသွားတာပေါ့” ဟု အင်းတော် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ပြည်သူ ငါးဦး ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း၌ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရကြောင်း၊ တောထဲသွားသည့် ပြည်သူများတွေ့ရှိ အကြောင်းကြား၍ အလောင်းများကို ပြန်တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါမံဟဲရွာကို ဝင်ရောက်ခဲ့သည့် စစ်ကြောင်းသည် တပ်မ(၇၇)လက်အောက်ခံတပ်ဟု သိရကြောင်း၊ တပ်ရင်းအမည်အတိအကျ မသိရသော်လည်း စစ်ကောင်စီတပ် မည်သည့် တပ်ရင်းမဆိုထိုသို့ ကျူးလွန်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်လာပါက အတက်နိုင်ဆုံးရှောင်ကြရန်လည်း အင်းတော်ဒေသခံက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

Facebook