Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်​နေ

ဧပြီလ ၂၄ ရက်က ဖယ်ခုံ၊ မြောက်စလုံးတိုက်ပွဲ ၌စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်တွင် ဗိုလ်မှူးအဆင့်ပါဝင်ပြီးလက်နက် ၁၀ လက်ထက်မနည်းရရှိခဲ့သည်။

KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF
KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ပြောသည်။

ယနေ့(ဧပြီ ၂၆ ရက်) နံနက် ၆ နာရီခန့်ကစ၍ယခုသတင်း​ရေးသားချိန် နံနက် ၁၀ နာရီ​ကျော်အထိ မိုးဗြဲမြို့၌ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

“လွိုင်လင် နဲ့ လွိုင်ကော် က အမြောက်တပ်တွေကနေ လက်နက်ကြီးပစ်ကူ အဆမတန်ပေးနေတယ်။ပြီးတော့ တိုက်ပွဲက ပြင်းထန်နေတယ်လို့ပဲလောလောဆယ်ပြောနိုင်သေးတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

၂၀၂၂ ​ဖေ​ဖော်ဝါရီလတွင်ဖြစ်ပွားခဲ့​သော မိုးဗြဲတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့​သော လွိုင်​ကော် PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-လွိုင်​ကော် PDF
၂၀၂၂ ​ဖေ​ဖော်ဝါရီလတွင်ဖြစ်ပွားခဲ့​သော မိုးဗြဲတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့​သော လွိုင်​ကော် PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-လွိုင်​ကော် PDF

ထို့​ကြောင့် မိုးဗြဲမြို့နှင့်ဆက်စပ် သည့်လမ်းပိုင်းနေရာများသို့ အသွားအလာမပြုလုပ်ကြရန်လည်း ကာကွယ်ရေး တပ်များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့တွင်း ပိတ်မိနေသော ပြည်သူများအနေဖြင့်လည်း လုံခြုံသော နေရာတွင် ပုန်းခိုနေကြရန် KNDF ကအကြံပြုသည်။

KNDF ဖယ်ခုံ ကလည်း ယ​နေ့ နံနက် ၁၀ နာရီခွဲတွင် အ​ရေး​​ပေါ်ထုတ်ပြန်ချက်ထုတ်ပြန်သည်။

“မိုးဗြဲရှိမိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်။မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်။

အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန်”ဟု​ကြေညာထားသည်။

လွိုင်​ကော်မြို့အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရမှု
လွိုင်​ကော်မြို့အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရမှု

မတ်လဆန်းပိုင်းကစ၍ ရှမ်း-ကရင်နီ အစပ် ဖယ်ခုံ ၊မိုးဗြဲ ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များက ခုခံနေပြီးနေ့စဥ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ဧပြီလ ၂၄ ရက်က ဖယ်ခုံ၊ မြောက်စလုံးတိုက်ပွဲ ၌စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်တွင် ဗိုလ်မှူးအဆင့်ပါဝင်ပြီးလက်နက် ၁၀ လက်ထက်မနည်းရရှိခဲ့သည်။

▪︎မှတ်ချက်-သတင်းကို ဧပြီ ၂၆ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင်ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။