Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်​နေ

ဧပြီလ ၂၄ ရက်က ဖယ်ခုံ၊ မြောက်စလုံးတိုက်ပွဲ ၌စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်တွင် ဗိုလ်မှူးအဆင့်ပါဝင်ပြီးလက်နက် ၁၀ လက်ထက်မနည်းရရှိခဲ့သည်။

KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF
KNDF တက်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-KNDF

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ပြောသည်။

ယနေ့(ဧပြီ ၂၆ ရက်) နံနက် ၆ နာရီခန့်ကစ၍ယခုသတင်း​ရေးသားချိန် နံနက် ၁၀ နာရီ​ကျော်အထိ မိုးဗြဲမြို့၌ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

“လွိုင်လင် နဲ့ လွိုင်ကော် က အမြောက်တပ်တွေကနေ လက်နက်ကြီးပစ်ကူ အဆမတန်ပေးနေတယ်။ပြီးတော့ တိုက်ပွဲက ပြင်းထန်နေတယ်လို့ပဲလောလောဆယ်ပြောနိုင်သေးတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

၂၀၂၂ ​ဖေ​ဖော်ဝါရီလတွင်ဖြစ်ပွားခဲ့​သော မိုးဗြဲတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့​သော လွိုင်​ကော် PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-လွိုင်​ကော် PDF
၂၀၂၂ ​ဖေ​ဖော်ဝါရီလတွင်ဖြစ်ပွားခဲ့​သော မိုးဗြဲတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့​သော လွိုင်​ကော် PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-လွိုင်​ကော် PDF

ထို့​ကြောင့် မိုးဗြဲမြို့နှင့်ဆက်စပ် သည့်လမ်းပိုင်းနေရာများသို့ အသွားအလာမပြုလုပ်ကြရန်လည်း ကာကွယ်ရေး တပ်များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့တွင်း ပိတ်မိနေသော ပြည်သူများအနေဖြင့်လည်း လုံခြုံသော နေရာတွင် ပုန်းခိုနေကြရန် KNDF ကအကြံပြုသည်။

KNDF ဖယ်ခုံ ကလည်း ယ​နေ့ နံနက် ၁၀ နာရီခွဲတွင် အ​ရေး​​ပေါ်ထုတ်ပြန်ချက်ထုတ်ပြန်သည်။

“မိုးဗြဲရှိမိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်။မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်။

အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန်”ဟု​ကြေညာထားသည်။

လွိုင်​ကော်မြို့အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရမှု
လွိုင်​ကော်မြို့အနီးဝန်းကျင်ကို Google Map.တွင်​တွေ့ရမှု

မတ်လဆန်းပိုင်းကစ၍ ရှမ်း-ကရင်နီ အစပ် ဖယ်ခုံ ၊မိုးဗြဲ ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များက ခုခံနေပြီးနေ့စဥ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ဧပြီလ ၂၄ ရက်က ဖယ်ခုံ၊ မြောက်စလုံးတိုက်ပွဲ ၌စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်တွင် ဗိုလ်မှူးအဆင့်ပါဝင်ပြီးလက်နက် ၁၀ လက်ထက်မနည်းရရှိခဲ့သည်။

▪︎မှတ်ချက်-သတင်းကို ဧပြီ ၂၆ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင်ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook