Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာတောင်ညွှန့်မြို့နယ်တိုက်ခန်းမီး လူသုံးဦးဆေးရုံရောက်

မီးစတင်လောင်သည့် အခန်းတွင် မီးငြိမ်းသွားချိန်၌ မီးကူးစက်လောင်ခဲ့သည့် အခြားအခန်းတွင် မီးထပ်လောင်ခဲ့သောကြောင့် တိုက်ခန်းပေါ်တွင် နေထိုင်သူများက အရေးပေါ်ဆင်းခဲ့ရသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်နှင့် လူနာများအား ဆေးရုံပို့ဆောင်ရန် ပြင်ဆင်နေစဉ်၊ မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်း
မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်နှင့် လူနာများအား ဆေးရုံပို့ဆောင်ရန် ပြင်ဆင်နေစဉ်၊ မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၌ မီးလောင်မှုဖြစ်ခဲ့ရာ မီးခိုးကြောင့် အသက်ရှုကြပ်နေသည့် လူနာသုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကူညီရေးအသင်းက အသိပေးထားသည်။

“မီးလောင်ပြင်တွင် အသက်ရှူမွန်းကြပ် လူနာ ‌ခြောက်ဦးခန့်ရှိပြီး သုံးဦးအား YGH.သို့ တောင်ညွန့်ကွန်ယက် ညီနောင်အသင်းများနှင့်ပူးပေါင်း၍ပို့ဆောင်ကူညီပေးခဲ့ပြီး ကျန် ၃ဦးအား မြေပြင်ကုသမှု့များပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။” ဟု ယင်းအသင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၃ နာရီခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၂ လမ်းရှိ တိုက်ခန်းတစ်ခုတ္ငင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကျော် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“သင်္ဘောဆေးသိုလှောင်ထားတဲ့ ထပ်ခိုးကစလောင်တာတဲ့ ” ဟု ယင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီးစတင်လောင်သည့် အခန်းတွင် မီးငြိမ်းသွားချိန်၌ မီးကူးစက်လောင်ခဲ့သည့် အခြားအခန်းတွင် မီးထပ်လောင်ခဲ့သောကြောင့် တိုက်ခန်းပေါ်တွင် နေထိုင်သူများက အရေးပေါ်ဆင်းခဲ့ရသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှုအကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ အနေဖြင့် ထုတ်ပြန်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။