Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာတောင်ညွှန့်မြို့နယ်၌ ကလေးပစ္စည်းဆိုင် အုတ်နံရံဖြိုချပြီးဖောက်ထွင်းမှုဖြစ်

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။

(ဆိုင်နံရံအားဖြိုချခိုးယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Sunshine Smile)
(ဆိုင်နံရံအားဖြိုချခိုးယူပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Sunshine Smile)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၌ ဆိုင်ဖွင့်ရန်ပြင်ဆင်နေသည့်တိုက်ခန်း အုတ်နံရံ ဖြိုချသည့် ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်း Sunshine Smile ကလေးပစ္စည်းဆိုင်က အသိပေးထားသည်။

“မင်မင်တို့ ဆိုင်မဖွင့်ခင် ဆိုင်အဖောက်ခံလိုက်ရလို့ မနက်ဖြန် ဆိုင်ဖွင့်မယ် အစီအစဉ်ဖျက်သိမ်းလိုက်ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်ရှင့်။သူခိုးက အုတ်နံရံကိုဖြိုသွားတာပါရှင့်။” ဟု Sunshine Smile ကလေးပစ္စည်းဆိုင်က ဩဂုတ် ၂ ရက်တွင် ၎င်းတို့ဆိုင်ပေ့ခ်ျ ဓာတ်ပုံများနှင့်အတူ အသိပေးထားသည်။

ယင်းဆိုင်သည် ကလေးပစ္စည်းများအား အွန်လိုင်းမှ ရောင်းချပေးနေသည့် ဆိုင်ဖြစ်ပြီး အခိုးခံရသည့် ပစ္စည်းတန်ဖိုးနှင့်ပတ်သက်၍ ဆိုင်ကိုဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အုတ်နံရံက တံခါးပေါက်ကို ပြန်ပိတ်ထားတာ အဟောင်းနဲ့တွဲမှမနေပဲ။ အတွင်းဖက်ကို ၀င်နေတာကိုး တွန်းလှဲလိုက်တာ နေမှာပေါ့။ တကယ်ဆို ပိတ်ထားတာ မသိသာအောင် လုပ်ရမှာ။

အခန်းက ညစောင့်မအိပ်တာလည်း သိပုံပဲနော်။ဆိုင်ဖွင့်ပွဲ မတိုင်ခင်ခိုးသွားတာဆိုတော့” ဟု အမျိုးသမီးတစ်ဦးက မှတ်ချက်ရေးသားထားသည်။

အုတ်နံရံကိုဖြိုချခြင်းဖြစ်‌သောကြောင့် ပတ်ဝန်းကျင်မှ အသံကြားရနိုင်‌ကြောင်း ရေးသားထားသည်နှင့်ပတ်သက်ပြီး ဆိုင်ရှင်က ” အပေါ်ထပ်မှာ နေထိုင်တဲ့သူ အိမ်ကို တက်မေးပြီးပါပြီရှင့် ။ဘာအသံမှ မကြားဘူးလို့ဘဲ ဖြေပါတယ်ရှင့်”ဟု ပြန်လည်ရေးသားထားသည်။

ဩဂုတ် ၁ ရက် ညတွင် ရန်ကုန်မြို့၌ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ယင်းအချိန်ကို အခွင့်ကောင်းယူ၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အမျိုးသားတစ်ဦးက မှတ်ချက်ရေးသားထားသည်။

“မအလ လက်အောက်က ပြည်သူတွေဘဝကတော့ ဒီလိုတွေ ကြုံနေရဦးမှာပဲ၊စိတ်မကောင်းစရာပါ။ ရင်းနှီးထားရသမျှ ဆုံးရှုံးရတာ”ဟု အမျိုးသားတစ်ဦးက မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကလေး တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အိန္ဒိယက ပြည်နယ် တစ်ခုမှာ Coldrif ချောင်းဆိုးပျောက်ဆေးရည်ကို ရောင်းချခွင့် ပိတ်ထားလိုက်ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ရုရှားရဲ့ ပိုင်နက် နယ်မြေ တစ်ခုနဲ့ ထိစပ်နေတဲ့ လစ်သူယေးနီးယား နိုင်ငံဟာ စာသင်ကျောင်းတွေမှာ ကလေးတွေကို ဒရုန်းနည်းပညာနဲ့ ထိတွေ့ သင်ကြားပေးတဲ့ အစီအမံကို စတင်ခဲ့ပါတယ်။