Connect with us

Hi, what are you looking for?

သတင်း

နွေဦးအင်းလျားကွန်ဒို ၁၂နာရီအတွင်း ဒေါ်လာ ၆သန်းကျော်ဖိုး​ရောင်းရဟု EOD ​ကြေညာ

စီမံကိန်းတန်ဖိုးသည် ဒေါ်လာ ၃၃သန်းကျော်ရှိပြီး တိုက်ခန်းအားလုံးရောင်းချပြီးပါက NUGက တော်လှန်ရေးရန်ပုံငွေအဖြစ် တော်လှန်ရေးကာလအတွင်း ဒေါ်လာ ၁၃သန်းခွဲ ရရှိမည်ဖြစ်သည်။

နွေဦးအင်းလျားကွန်ဒို ၁၂နာရီအတွင်း ဒေါ်လာ ၆သန်းကျော်ဖိုး​ရောင်းရဟု EOD ​ကြေညာ
နွေဦးအင်းလျားကွန်ဒို ၁၂နာရီအတွင်း ဒေါ်လာ ၆သန်းကျော်ဖိုး​ရောင်းရဟု EOD ​ကြေညာ

▪︎အ​ရောင်းကိုယ်စားလှယ် ၆၀ ခန့်ဆီတွင် စာရင်းကြိုသွင်း၍ဝယ်ယူ​နေကြ​ကြောင်းကိုယ်စားလှယ်တစ်ဦး​ပြော

နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ်နွေဦးအင်းလျားကွန်ဒိုခန်းများရောင်းချရာ ၁၂နာရီအတွင်း ဒေါ်လာ ၆ သန်းကျော်ရောင်းချနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ရန်ပုံငွေရှာဖွေရေးအဖွဲ့ (EOD)ကယနေ့ထုတ်ပြန်ကြေညာသည်။

နွေဦးတော်လှန်ရေးတိုက်ပွဲအဆုံးအဖြစ်နှစ်အတွက် Spring Yangon Phase III ဒုတိယမြောက်အစီအစဉ်အနေဖြင့် နွေဦးအင်းလျားကွန်ဒိုကို ဧပြီ ၂၉ ရက်တွင် စတင်ရောင်းချ​နေခြင်းဖြစ်သည်။

“ကိုယ်စားလှယ် ၆၀ လောက်ဆီမှာ စာရင်းကြိုသွင်းပြီးဝယ်ကြတာ။ အခုထိတော့ စာရင်းသွင်းနေဆဲပါ ”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

ထိုစီမံကိန်းသည် ပါရမီလမ်းပေါ်ရှိစစ်တပ်သိမ်းယူထား​သောမြေဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက်တွင်ဆောက်လုပ်မည်ဖြစ်သည်။ အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ်ဖြစ်သည်ဟုလည်းNUGကဆိုသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးကာလအထွတ်အထိပ်ရောက်နေချိန်မှာအရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံအားဖြည့် ထောက်ကူ ပေးခဲ့ကြတဲ့ တော်လှန်ပြည်သူများအားလုံးကို တန်ဖိုးထား ဦးညွတ်လိုပါတယ်”ဟုNUGရှယ်ယာရောင်းချရေးအဖွဲ့က​​ဖော်ပြသည်။

အမျိုးအစား ၃ခုပါသည့် တိုက်ခန်းပေါင်း ၇၅၀ကိုရောင်းချ​နေခြင်းဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင်(အိပ်ခန်းတစ်ခန်းပါ) ဒေါ်လာ၂၉,၂၅၀ ၊ (အိပ်ခန်း ၂ ခန်းပါ)ဒေါ်လာ ၄၂,၀၀၀ နှင့် (အိပ်ခန်း ၃ ခန်းပါ)ဒေါ်လာ ၅၄,၀၀၀ တို့ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း ထိုပမာဏ၏ ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်သည်။

စီမံကိန်းတန်ဖိုးသည် ဒေါ်လာ ၃၃သန်းကျော်ရှိပြီး တိုက်ခန်းအားလုံးရောင်းချပြီးပါက NUGက တော်လှန်ရေးရန်ပုံငွေအဖြစ် တော်လှန်ရေးကာလအတွင်း ဒေါ်လာ ၁၃သန်းခွဲ ရရှိမည်ဖြစ်သည်။

NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားရယူထားသည့် အင်းလျားလမ်းအိမ်နံပတ် ၁၄ ကိုရှယ်ယာတစ်စုကို ဒေါ်လာ ၁၀၀ဖြင့် အစုရှယ်ယာ ၁၃၉,၆၆၂ ၊ မန္တလေးနှင့်ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်မြေကွက်၂၅၈၆ ကွက်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကွန်ဒို တိုက်ခန်း ၉၉၆ ခန်း၊ ရန်ကုန်မြို့၊ လှိုင်သာယာ၊ တောင်ဒဂုံနှင့် မင်္ဂလာဒုံရှိ မြေနေရာများတွင်အကောင်အထည်ဖော်မည့် နွေဦးစံရိပ်မွန် အိမ်ယာစီမံကိန်းများတိုက်ခန်း ၆၉၅၀တို့ကိုရောင်းချခဲ့ပြီးဖြစ်သည်။ အိမ်ရာနှင့် တိုက်ခန်းများ ​ရောင်းချရမှုမှာ စုစု​ပေါင်း ​ဒေါ်လာ သန်း ၁၀၀ ​ကျော် ရရှိပြီးဖြစ်​ကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။