Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုများ၊ လက်နက် ၁၀လက်၊ ကျည်၊ ခဲယမ်းများရဟု CNFပြော

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်​နေရာ လုပမေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟဆိုသည်။

(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)
(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)

ဂန့်ဂေါ-ဟားခါးလမ်းပိုင်း၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက် ၁၀လက် ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်​နေရာ လုပမေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟဆိုသည်။

(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)
(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)

“ဂန့်ဂေါကနေ တက်လာတဲ့ တပ်မ ၇၇ တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။လက်နက် ၁၀လက်သိမ်းဆည်းနိုင်ခဲ့တယ်။ အသေအပျောက်ကတော့များမယ်လို့တွက်တယ်။ မြေပြင်ကွင်းဆင်းမှု မလုပ်နိုင်သေးဘူး။ အတိအကျတော့မပြောနိုင်သေးဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

​ချင်း​ဒေသတွင်းသတင်းဌာနဖြစ်​သော The Chin Journal က ​မေ ၁ ရက်တိုက်ပွဲတွင် တပ်မ ၇၇ မှ စစ်သား ၂၀ ခန့်​​သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိ​ကြောင်း ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုမရှိဟု လည်းသိရသည်။

“ကျနော်တို့က နေရာကောင်းကနေ လုပ်တာဆိုတော့ အထိအခိုက်မရှိူဘး။” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမပြုဘဲ ဆက်တက်လာပါကတိုက်ပွဲများ ဆက်ဖြစ်မည်ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးပတ်ခန့်ကတည်းက ဟားခါးသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။

က​လေးမှ ဟားခါးသို့လာ​သော အ​​​ပေါ့စားသံချပ်ကာကား ၂ စီးအပါအဝင် ကား အစီး( ၃၀) ဝန်းကျင်နှင့်စစ်သားအင်အား ၂၀၀ ခန့်ပါ​သောစစ်တပ်ကားတန်းမှာ ချင်းပူး​ပေါင်းတပ်များက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှု​ကြောင့် ကားအားလုံးပျက်စီးကာ ချင်းပူး​ပေါင်းတပ်များက သိမ်းဆည်းခဲ့သည်။ထို​ကြောင့် အဆိုပါစစ်ကားတန်းမှ ကျန်​နေ​​သေး​သောစစ်သားများကို စစ်ကူ​ပေးရန်နှင့် ဟားခါးရှိစစ်စခန်းကို အင်အားဖြည့်ရန် ​ခြေလျင် တက်လာခြင်းဖြစ်သည်။ သုံးရက်အတွင်း ​ဟားခါးသို့ အ​ရောက်သွားမည်ဟုတက်လာ​သော တပ်မ ၇၇ မှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံ​နေရပြီး ၃ပါတ်နီးပါးကြာ​သော်လည်း လမ်းမှာပင်ရှိ​နေ​သေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။