Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုများ၊ လက်နက် ၁၀လက်၊ ကျည်၊ ခဲယမ်းများရဟု CNFပြော

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်​နေရာ လုပမေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟဆိုသည်။

(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)
(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)

ဂန့်ဂေါ-ဟားခါးလမ်းပိုင်း၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက် ၁၀လက် ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်​နေရာ လုပမေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟဆိုသည်။

(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)
(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ ဓါတ်ပုံ-The Chin Journal)

“ဂန့်ဂေါကနေ တက်လာတဲ့ တပ်မ ၇၇ တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။လက်နက် ၁၀လက်သိမ်းဆည်းနိုင်ခဲ့တယ်။ အသေအပျောက်ကတော့များမယ်လို့တွက်တယ်။ မြေပြင်ကွင်းဆင်းမှု မလုပ်နိုင်သေးဘူး။ အတိအကျတော့မပြောနိုင်သေးဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

​ချင်း​ဒေသတွင်းသတင်းဌာနဖြစ်​သော The Chin Journal က ​မေ ၁ ရက်တိုက်ပွဲတွင် တပ်မ ၇၇ မှ စစ်သား ၂၀ ခန့်​​သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိ​ကြောင်း ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုမရှိဟု လည်းသိရသည်။

“ကျနော်တို့က နေရာကောင်းကနေ လုပ်တာဆိုတော့ အထိအခိုက်မရှိူဘး။” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမပြုဘဲ ဆက်တက်လာပါကတိုက်ပွဲများ ဆက်ဖြစ်မည်ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးပတ်ခန့်ကတည်းက ဟားခါးသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟုဆိုသည်။

က​လေးမှ ဟားခါးသို့လာ​သော အ​​​ပေါ့စားသံချပ်ကာကား ၂ စီးအပါအဝင် ကား အစီး( ၃၀) ဝန်းကျင်နှင့်စစ်သားအင်အား ၂၀၀ ခန့်ပါ​သောစစ်တပ်ကားတန်းမှာ ချင်းပူး​ပေါင်းတပ်များက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှု​ကြောင့် ကားအားလုံးပျက်စီးကာ ချင်းပူး​ပေါင်းတပ်များက သိမ်းဆည်းခဲ့သည်။ထို​ကြောင့် အဆိုပါစစ်ကားတန်းမှ ကျန်​နေ​​သေး​သောစစ်သားများကို စစ်ကူ​ပေးရန်နှင့် ဟားခါးရှိစစ်စခန်းကို အင်အားဖြည့်ရန် ​ခြေလျင် တက်လာခြင်းဖြစ်သည်။ သုံးရက်အတွင်း ​ဟားခါးသို့ အ​ရောက်သွားမည်ဟုတက်လာ​သော တပ်မ ၇၇ မှာ အကြိမ်ကြိမ်ဖြတ်တိုက်ခံ​နေရပြီး ၃ပါတ်နီးပါးကြာ​သော်လည်း လမ်းမှာပင်ရှိ​နေ​သေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။