Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်တပ်ဂိတ်တိုက်ခိုက်ခံရမှု ​သေဆုံးသူများတွင် အရာရှိတစ်ဦးပါဝင်ဟုမြင်းခြံခရိုင်တပ်ရင်း(၃ ​)ပြော

တိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိဘဲ ၊စစ်​ကောင်စီတပ်က အဆိုပါတိုက်ခိုက်မှု အပြီးတွင် အင်အားထပ်တိုးထား​ကြောင်း အထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)
(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်စစ်ကောင်စီတပ်စွဲထားရာ​နေရာကို မြင်းခြံခရိုင်တပ်ရင်း(၃ )ဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလကုန်ပိုင်းကတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်၊ရဲနှင့်ပျူ စုစု​ပေါင်း ၁၂ ဦးသေဆုံးခဲ့ရာ ​သေဆုံးသူများတွင်အရာရှိတစ်ဦးပါဝင်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃ )ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

“ကျဆုံးတဲ့ ၁၂ ​ယောက်ထဲမှ အရာရှိတစ်​ယောက်ပါတယ်။ ဒဏ်ရာရတဲ့ ၅ ​ယောက်ကလည်း ပြင်းထန်တယ်လို့ ​နောက်ဆက်တွဲသိရတယ် “ဟုအထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။ သို့​​သော်​သေဆုံးအရာရှိ၏ အမည်၊ ရာထူးနှင့်ကိုယ်​ရေးအချက်အလက်များကိုမူ မစိရ​သေး​ပေ။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က မြင်းခြံအမှတ်၆ စစ်ဆေးရေးဂိတ်အား ​မြင်းခြံခရိုင်တပ်ရင်း၃၊မြင်းခြံခရိုင်တပ်ရင်း(၁) ၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာတစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦး၊ ရဲ၃ ဦးနှင့် ပျူ ၃ ဦး သေဆုံးပြီး စစ်တပ်အရာရှိအပါအဝင် အများအပြား ဒဏ်ရာရရှိသည်ဟု မြင်းခြံခရိုင်တပ်ရင်း (၃)ကသတင်းထုတ်ပြန်သည်။ သို့​သော် စစ်​ကောင်စီတပ်​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အဲဒီနေ့မနက်ကတော်တော်ဆော်တယ်။ မြင်းခြံအဝင်မှာတင်ဆော်နေကြတော့ ဆက်သွားလို့မရတော့လို့ လမ်းမှာရပ်စောင့်ခဲ့ရတယ်။”ဟု မြင်းခြံမြို့သို့ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာ​သော်လည်း အပြန်အလှန်တိုက်ပွဲသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရသည်ဟု မြင်းခြံခရိုင်တပ်ရင်း၃ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ ထို့​ကြောင့်လက်နက်များလည်းမရရှိခဲ့ဟုဆိုသည်။

“တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိဘဲ ၊စစ်​ကောင်စီတပ်က အဆိုပါတိုက်ခိုက်မှု အပြီးတွင် အင်အားထပ်တိုးထား​ကြောင်း အထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။