Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့တွင်စစ်​ကောင်စီတပ်ကို PDF များတိုက်ခိုက်

” စစ်တပ်ဘက်က ရှစ်ယောက်သေတယ်လို့ သတင်းပြန်ရတယ်။တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)
(မြင်းခြံခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ကိုတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ဓါတ်ပုံ- MGN District Army)

မြင်းခြံမြို့‌ပေါ်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြင်းခြံခရိုင်တပ်ရင်း(၃) ဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူက​ပြောသည်။

မြင်းခြံမြို့ အမှတ် (၆ )ရပ်ကွက်ရှိ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၉ရက် နံနက် ၄နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၃ )ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

အဆိုပါယာယီစခန်းတွင်စစ်​ကောင်စီတပ်သားနှင့် ပျူ ​စောထီး ပုံမှန်​နေ့များတွင် ၁၅ ဦး​ကျော်ရှိ​သော်လည်း PDF များသွား​ရောတိုက်ခိုက်ချိန်တွင် အင်အားတိုးထားပြီး ၂၅ ​ယောက်ခန့်ရှိ​နေ​ကြောင်း ၎င်းက​ဆက်​ပြောသည်။ တိုက်ခိုက်မှုတွင် စစ်သား၊ပျူနှင့်ရဲ ၈ ဦး​သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြန်ကြားရေးတာဝန်ခံက​ပြောသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement
Public Service Announcement

” စစ်တပ်ဘက်က ရှစ်ယောက်သေတယ်လို့ သတင်းပြန်ရတယ်။တော်လှန်ရေးမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကျဆုံးခဲ့ရသူတွေအတွက် လက်စားချေတဲ့ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး အပြန်အလှန်တိုက်ပွဲသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။ စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့သော်လည်း မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရသည်ဟု မြင်းခြံခရိုင်တပ်ရင်း၃ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ ထို့​ကြောင့်လက်နက်များလည်းမရရှိခဲ့ဟုဆိုသည်။

အဆိုပါတိုက်ပွဲကိုမြင်းခြံခရိုင်တပ်ရင်း၃၊မြင်းခြံခရိုင်တပ်ရင်း(၁) ၊ Burmese Guerrilla Force-BGFကျေးရွာတပ်ပေါင်းစုများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ထိခိုကိမှု မရှိဟုဆိုသည်။

“ပြည်သူတွေထိခိုက်တာတော့မရှိဘူးဗျ။ခုနောက်ဆက်တွဲအနေနဲ့ အင်အားတွေထပ်ပြီး တိုးထားတယ် ကြားတယ်ဗျ” ဟု အထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ