Connect with us

Hi, what are you looking for?

သတင်း

လွတ်ငြိမ်းသတင်းကြောင့် မိသားစုဝင်တွေ အကျဥ်းထောင်တွေမှာသွားစောင့်

အင်းစိန်အကျဥ်းထောင်ရှေ့မှာလည်း လွတ်မယ်လို့အကြောင်းကြားခံရတဲ့၊ သတင်းရထားတဲ့ မိသားစုဝင်တွေလာရောက်စောင့်ဆိုင်းနေကြပါတယ်။

လွတ်ငြိမ်းသတင်းကြောင့် မိသားစုဝင်တွေ အကျဥ်းထောင်တွေမှာသွားစောင့်
လွတ်ငြိမ်းသတင်းကြောင့် မိသားစုဝင်တွေ အကျဥ်းထောင်တွေမှာသွားစောင့်

၅၀၅(က) နဲ့ မတရားဖမ်းဆီးထောင်ချခံရသူ ၂,၀၀၀ ကျော်ကို ဒီနေ့ လွှတ်ပေးမယ်လို့ကြေညာထားတာကြောင့် အကျဥ်းထောင်အသီးသီးမှာ မိသားစုဝင်တွေ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။

အင်းစိန်အကျဥ်းထောင်ရှေ့မှာလည်း လွတ်မယ်လို့အကြောင်းကြားခံရတဲ့၊ သတင်းရထားတဲ့ မိသားစုဝင်တွေလာရောက်စောင့်ဆိုင်းနေကြပါတယ်။

ဒီနေ့ မေ ၃ ရက်မှာ ပြန်လည်လွတ်မြောက်လာမယ့်သူအများစုဟာ မတရားချခံထားရတဲ့ ထောင်ဒဏ် ပြည့်ဖို့ လပိုင်းသာ လိုတဲ့သူတွေဖြစ်တယ်လို့လည်း အကျဉ်းထောင်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ မတရားဖမ်းဆီးထောင်ချခံထားရသူတွေထဲက ၂,၀၀၀ ကျော်ကို ဒီနေ့ မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့ မှာ လွတ်ငြိမ်းပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်းတွေမှာ အကျဉ်းကျခံနေရတဲ့ ၅၀၅ (က) ၂၁၅၃ ဦးကို နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ရင် ကြွေးကျန် ထောင်ဒဏ်ပါ ထပ်ပေါင်း ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့စစ်ကောင်စီက လွှတ်တာပါ။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ဖမ်းခံရသူတွေ၊ ဆန္ဒပြသူတွေကို အားပေးထောက်ခံသူတွေ၊ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းရေးသားသူတွေ၊ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူအရပ်သားတွေအတွက် ဝမ်းနည်းကြောင်း လှုမှုကွန်ရက်မှာဝေမျှသူတွေကို စစ်ကောင်စီက ဆူပူအောင်လှုံဆော်မှု ၅၀၅(က) နဲ့ စွပ်စွဲ ဖမ်းဆီးထောင်ချတာတွေလုပ်ခဲ့တာပါ။

၅၀၅(က)နဲ့ ဖမ်းခံရသူတွေကို စစ်ကောင်စီဟာအဲဒီ ပုဒ်မပြဌာန်းချက်အရ အမြင့်ဆုံးချလို့ရတဲ့ ထောင်ဒဏ် ၃ နှစ် ထိ ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

သတင်း

ဖားကန့်မှာ စစ်ကောင်စီက ၉တန်းကျောင်းသားတစ်ဦးကိုဖမ်းဆီးသွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်ပြတ်နေတဲ့အတွက် မိသားစုဝင်‌တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်မှုထမ်း တွေ သေဆုံးထိခိုက်မှုများ​နေပြီး လမ်းဘေးမှာသဂြိုလ်နေရပြီး စစ်တပ်က မိသားစုထံအကြောင်းမကြားဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားက ပြောပါတယ်။