အကျဉ်ထောင်အသီးသီးမှာ သေဒဏ်ချထားတဲ့ အကျဉ်းသူ၊အကျဉ်းသား ၃၈ ဦးကို သေဒဏ်ကနေ ထောင်ဒဏ် တသက်အဖြစ် လျော့ပေါ့ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ဒီလို သေဒဏ်ကနေ ထောင်ဒဏ် တသက် ပြစ်ဒဏ်လျော့ကျခံရသူတွေရဲ့အမှုနဲ့အချက်အလက်တွေကို စစ်ကောင်စီက မထုတ်ပြန်ပါဘူး။
အဲဒီသူတွေဟာ အာဏာသိမ်းမှုကိုဆန့်ကျင်လို့ သေဒဏ်အမိန့်ချခံရသူ ဟုတ် မဟုတ်ဆိုတာကို သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေမှာ သေဒဏ် ချခံရသူ ၁၁၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံက သိရပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ရက်ပိုင်းကတင် ဗကသ ကျောင်းသား လူငယ်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး သေဒဏ်ချခဲ့ပါသေးတယ်။
သေဒဏ်ချထားသူတွေထဲက ကိုဂျင်မီ ၊ကိုဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့ပါတယ်။

















































