Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ရက်က အိုးဘိုအကျဉ်းထောင် အမျိုးသမီး အိပ်ဆောင် (၁)နဲ့ အိပ်ဆောင် (၅)မှာ အမျိုးသမီးအချို့ အချင်းများတာကိုထောင်အာဏာပိုင်တွေကမဖြေရှင်းပေးဘဲ အကျဉ်ထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား
အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ဖေဖော်ဝါရီလ ဆန်းပိုင်းက ရိုက်နှက်ခံရတဲ့သတင်းကို ပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို ထောင်တွင်းတရားခွင်ဆီ သက်သေသွားရောက်ထွက်ဆိုခွင့်ပိတ်ထားတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ရိုက်နှက်မှုဟာ ဖေဖော်ဝါရီလ ပထမ ပတ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အချုပ်ကျသူတွေ ထောင်တွင်းတရားခွင်ဆီ သက်သေထွက်ဆိုခွင့်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ က ပိတ်လိုက်တာပါ။

” သက်သေထွက်ဆိုမယ့် အချုပ်သားတွေကိုပါ ပေးမထုတ်တော့ဘူး”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အရေးကြီးတဲ့အမှုတွေမှာတော့ အချုပ်သားသက်သေတွေကို အွန်လိုင်းကတဆင့် ရုံးထုတ်မေးမြန်းတာရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ရက်က အိုးဘိုအကျဉ်းထောင် အမျိုးသမီး အိပ်ဆောင် (၁)နဲ့ အိပ်ဆောင် (၅)မှာ အမျိုးသမီးအချို့ အချင်းများတာကိုထောင်အာဏာပိုင်တွေကမဖြေရှင်းပေးဘဲ အကျဉ်ထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

အကြမ်းဖက်ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသူအမျိုးသမီး ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ရိုက်နှက်ခံရသူ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဦးရေဟာ ၇၀ ကျော် ရှိခဲ့ပြီး တိုက်ပိတ်ခံထားရသူတွေ လည်းရှိနေတယ်လို့သတင်းထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။