Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် KIA တပ်ရင်း(၆)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)

▪️စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တပ်ရင်း(၆)ဘက်မှာ စစ်ကောင်စီတပ်နဲ့ မနေ့က ထိတွေ့မှုရှိတယ်လို့ ပြောတယ်။ဖားကန့်ကုန်းပေါ်က ​ေးတွေကတော့ ရင်း(၆)ဘက်ရော ပြည်သူတွေအိမ်ဘက်ရော လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ကြားတယ်။ ဖားကန့် ဗျူဟာကုန်းပေါ့ စကစပေါ့။ စစ်ကောင်စီကို စစ်ကောင်စီလို့ မခေါ်တော့ဘူး ခွေးကြီးပဲခေါ်တော့တာလေ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မေလ ၃ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေအ​သေးစိပ်ကိုမူ People’s Spring ကအတည်မပြုနိုင်သေးပါ။

“ဖြစ်တာက လုံးခင်းနဲ့ ဖားကန့်ကြားလောက်ကျမယ်။ တပ်ရင်း(၆)မှော်ဘုံပေါ့။ မှော်ဘုံဆိုတာ ရွာကြီး။ အဲဒီဘက်မှာ ဖြစ်တယ်ကြားတယ်။ တိတိကျကျတော့ မသိရသေးဘူး”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

ဖားကန့်နယ်တွင် KIAနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းများကို KIAက မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးခြင်းများလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။