Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် KIA တပ်ရင်း(၆)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net)

▪️စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တပ်ရင်း(၆)ဘက်မှာ စစ်ကောင်စီတပ်နဲ့ မနေ့က ထိတွေ့မှုရှိတယ်လို့ ပြောတယ်။ဖားကန့်ကုန်းပေါ်က ​ေးတွေကတော့ ရင်း(၆)ဘက်ရော ပြည်သူတွေအိမ်ဘက်ရော လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ကြားတယ်။ ဖားကန့် ဗျူဟာကုန်းပေါ့ စကစပေါ့။ စစ်ကောင်စီကို စစ်ကောင်စီလို့ မခေါ်တော့ဘူး ခွေးကြီးပဲခေါ်တော့တာလေ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မေလ ၃ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေအ​သေးစိပ်ကိုမူ People’s Spring ကအတည်မပြုနိုင်သေးပါ။

“ဖြစ်တာက လုံးခင်းနဲ့ ဖားကန့်ကြားလောက်ကျမယ်။ တပ်ရင်း(၆)မှော်ဘုံပေါ့။ မှော်ဘုံဆိုတာ ရွာကြီး။ အဲဒီဘက်မှာ ဖြစ်တယ်ကြားတယ်။ တိတိကျကျတော့ မသိရသေးဘူး”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

ဖားကန့်နယ်တွင် KIAနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းများကို KIAက မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီးခြင်းများလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။