Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် လုံးခင်းဒေသရှိ အရပ်သား ၂၀ကျော် ကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေသည်။

(ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံအရပ်သားများအား စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - CJ)
(ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံအရပ်သားများအား စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မလန်းနှင့် လန်းဆန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၉ရက်)နေ့လယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။

ရွာချင်းထိစပ်နေသော မလန်းနှင့် လန်းဆန်းကျေးရွာကို ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အား ၃၀ထက်မနည်းက သေနတ် ပစ်ဖောက်ကာ ဝင်လာခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

” သေနတ်တွေ ဆက်တိုက်ဖောက်ဝင်တာ။ အခု ၂၁ ယောက်ဖမ်းထားတယ်။ အကုန် လူလတ်ပိုင်းတွေချည်း ဖမ်းထားတာ”ဟု မျက်မြင်တွေ့ရှ်ိသော ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၂၁ရက်ကလည်း ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။ ၅၀ခန့်ကိုသာ ပြန်လွှတ်ပေးပြီး ကျန်သူများကိုမူ ယနေ့အထိဖမ်းဆီးခံထားရဆဲဟု သတင်းရရှ်ိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။