Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် လုံးခင်းဒေသရှိ အရပ်သား ၂၀ကျော် ကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေသည်။

(ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံအရပ်သားများအား စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - CJ)
(ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံအရပ်သားများအား စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မလန်းနှင့် လန်းဆန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၉ရက်)နေ့လယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။

ရွာချင်းထိစပ်နေသော မလန်းနှင့် လန်းဆန်းကျေးရွာကို ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အား ၃၀ထက်မနည်းက သေနတ် ပစ်ဖောက်ကာ ဝင်လာခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

” သေနတ်တွေ ဆက်တိုက်ဖောက်ဝင်တာ။ အခု ၂၁ ယောက်ဖမ်းထားတယ်။ အကုန် လူလတ်ပိုင်းတွေချည်း ဖမ်းထားတာ”ဟု မျက်မြင်တွေ့ရှ်ိသော ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၂၁ရက်ကလည်း ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။ ၅၀ခန့်ကိုသာ ပြန်လွှတ်ပေးပြီး ကျန်သူများကိုမူ ယနေ့အထိဖမ်းဆီးခံထားရဆဲဟု သတင်းရရှ်ိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။