Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ စုပေါင်းရုံးကို MBTအဖွဲ့ပစ်ခတ်တိုက်ခိုက်

ရေစကြိုမြို့တွင် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ကလည်း ခလရ (၂၅၈) တပ်အတွင်းမှထွက်လာသော စစ်ကောင်စီယာဥ်များအား ပီပါမိုင်းဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီသားနှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Agency)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီသားနှစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Agency)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ စုပေါင်းရုံးသွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးကြောင်း Myingyan Black Tiger (MBT)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်က ရေစကြိုမြို့၊အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ပြောက်ကျားစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသည်ဟု တပ်တွင်းသတင်းပေးချက်အရ အတည်ပြုနိုင်ကြောင်း MBTအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မိနစ်နှစ်ဆယ် နာရီဝက်လောက်ဖြစ်ခဲ့တယ်။ မြို့ထဲမှာရှုပ်ယှက်ခတ်နေတဲ့အချိန် ဝင်ပစ်ခဲ့တာပါ။ သူတို့ဘက်က (၆၀) မမ တွေနဲ့ကော လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အကုန်ပြန်ပစ်တယ်။ မြို့ထဲမှာလည်း စစ်ကြောင်းတွေ ပတ်ထိုးနေတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကိုမူ People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့ပေါ်ကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များက မကြာခဏလာရောက်ပစ်ခတ်တိုက်ခိုက်နေ၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဝန်ထမ်းများ မြို့ပြင်ပင်မထွက်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ရေစကြိုမြို့တွင် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ကလည်း ခလရ (၂၅၈) တပ်အတွင်းမှထွက်လာသော စစ်ကောင်စီယာဥ်များအား ပီပါမိုင်းဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။