Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့တွင် နယ်ကျွံလာပြီး စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်

MBTအဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် ရဲဘော်များ လူစုခြင်း၊လက်နက်ကိုင်သွားလာခြင်းများ ပြုလုပ်နိုင်သည့်အခြေအနေရှိနေသည်ဟု ၎င်းက ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ယနေ့နေ့လယ်က နယ်ကျွံဝင်ရောက်လာပြီး စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်က ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများသည် Myingyan Black Tiger (MBT)၏ အမှတ် (၂)စစ်ဆင်ရေးနယ်မြေအတွင်း နယ်ကျွံဝင်ရောက်လာ၍ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်ရှိမှာ ရေစကြိုမြို့ပေါ်နေရာတချို့မှာ အမှတ် (၂)စစ်ဆင်ရေးနယ်​မြေအဖြစ် ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နယ်မြေရှိတယ်။ အဲဒီနယ်ကိုကျွံဝင်လာတာ။ မိနစ်နှစ်ဆယ်လောက်ကြာတယ်။”ဟု MBT အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

၎င်းကဆက်လက်ပြီး “ဒီကောင်တွေက မနေ့ကရော၊ ဒီနေ့ရော ရုံးပေါင်းစုံမှာရှိတဲ့ အင်အားနဲ့ မြို့ပေါ်မှာ စစ်ကြောင်းလေးကြောင်းနဲ့ ရပ်ကွက်တွေကို ၀င်စီးနေတာပါဗျ။ အဲဒီအချိန် နယ်မြေကျွံလာတဲ့အတွက် ကျွန်တော်တို့ တပ်ရင်း (၂)က ရဲဘော်တွေက တိုက်ခိုက်ဟန့်တားခဲ့တာပါ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

MBTအဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် ရဲဘော်များ လူစုခြင်း၊လက်နက်ကိုင်သွားလာခြင်းများ ပြုလုပ်နိုင်သည့်အခြေအနေရှိနေသည်ဟု ၎င်းက ဆိုသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုဆေးရုံပေါ်တွင် အရေးပေါ် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အုပ်စုက အင်အားဖြည့်ကာ မြို့အနှံ့ စစ်ကြောင်းများခွဲ၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။