Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် အပါအဝင်သုံးဦး ရှင်းလင်းနိုင်ခဲ့ဟု မတူပီ CDF အသိပေး

ယမန်နေ့ (မေလ ၅ရက်)က မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့်စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို မတူပီ CDFက အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ - CDF မတူပီ)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ - CDF မတူပီ)

ချင်းပြည်နယ် မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)၏ အထူးစစ်ဆင်ရေးတစ်ရပ်အတွင်း စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး အပါအဝင် သုံးဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက် တစ်လက် ရရှိခဲ့ကြောင်း မတူပီ CDFက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၅ရက်)က မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့်စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို မတူပီ CDFက အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးစိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး​၏ ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း သုံးဦး ရှင်းလင်းနိုင်ကြောင်း၊ MA 3 တစ်လက် ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ - CDF မတူပီ)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့​သော​သေနတ်။ ဓာတ်ပုံ – CDF မတူပီ)

အဆိုပါ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး မေးမြန်းရန် မတူပီ CDF ထံသို့ ဆက်သွယ်ရာ ပြန်ကြားချက်မရသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဆင်ရေးအတွင်း မတူပီ CDF ရဲဘော်များ ထိခိုက်မှုမရှိဟု ဆိုသည်။

အဆိုပါ စစ်ဗျူဟာမှူးသေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ချင်းပြည်နယ် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အတည်ပြုနိုင်ရေး စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားပြီး ဖြစ်နိုင်ခြေများကြောင်း မှတ်ချက်ပြုသည်။

Public Service Announcement
Public Service Announcement

မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ယန္တရားများလည်ပတ်နိုင်ရန် အထောက်အကူဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်များ၊ ရုံးဝန်ထမ်းများ နှင့် အခြားစစ်ကောင်စီ လက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု မတူပီ CDF၏ ယနေ့ ထုတ်ပြန်ချက်၌ ထပ်လောင်း အသိပေးခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း မတူပီ CDF၏ အသိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။