Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းနယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သေဆုံးမှုရှိဟု တော်လှန်ရေးတပ်ဖွဲ့များ ပြော

အလစ်အငိုက် ၀င်ရောက်ပစ်ခတ်တိုက် ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးနိုင်သော်လည်း စာရင်းအတိအကျအား မသိရသေးဟု သပိတ်ကျင်း(ပ.က.ဖ)မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

(သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)
(သပိတ်ကျင်းမြို့နယ်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ယခုရက် ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

သပိတ်ကျင်းနယ်အတွင်း ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း လုပ်ဆောင်နေသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများ အလစ်အငိုက် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်များပြားခဲ့ကြောင်း သပိတ်ကျင်း ပကဖက ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် မူးရူးသောက်စားထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် သပိတ်ကျင်းနယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ဗိုလ်လင်းယုန်တပ်ဖွဲ့ကလည်း တိုက်ပွဲသတင်းများကို ယနေ့ ထုတ်ပြန်ရာ မေလ ၂ ရက်မှ မေလ ၄ရက်အထိ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ် ထိစပ်ရွာများ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဖော်ပြထားပြီး စစ်ကောင်စီတပ်က သေဆုံးမှုများသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၇ဦး သေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ကြေညာခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာမှခုနှစ်တဲစုရွာ၏ အနောက်ဘက် ဦးဖိုးဆိတ်တောင်ပေါ်သို့ စစ်ကြောင်း ထိုးလာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသုံးလုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ပဒေသာမိုင်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အရပ်သားသေဆုံးမှု အချို့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၃ရက်တွင်လည်း အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် သပိတ်ကျင်းမြို့နယ်၊ငတန့်အိုင်ရွာဘက်သို့ ထပ်မံစစ်ကြောင်း ထိုးလာကာ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ကျော် ပစ်ခတ် ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းကို မေလ ၄ရက် တွင် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၃ခုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ရေးအသာစီးဖြင့် ဦးဆောင်တိုက်ခိုက်နိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် အီနာဂါ ဗုံးသီး၊ (၄၀) မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦးနှင့် လက်ထောက်တစ်ဦးအပါအဝင် မိုင်းကွဲမှုကြာင့် ၁၆ဦး၊ ငတန့်အိုင်တိုက်ပွဲအတွင်း ၁၂ ဦး၊ အီနာဂါနှင့် (၄၀)မမ ကြောင့် ၉‌ ဦး၊ စုစုပေါင်း ၃၇ ဦးသေဆုံးကြောင်း တပ်တွင်းသတင်းပေးထံမှသိရသည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ကဆိုသည်။

“နှစ်ရက်အတွင်း (၈၁)မမတွေနဲ့ အလုံးသုံး ၃၀ ကျော်ပစ်ခတ်ပြီး လာပစ်ခတ်ပြီးနေနေကြတာပါ။ အလုံး ၃၀ကျော်ပစ်ပြီးတော့ ၅၀လောက်ကပြန်ခေါက်သွားတာ။ ကျန်တဲ့တစ်ရာလောက်က အေးအေးဆေးဆေးနေနေတဲ့အချိန် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက အနီးကပ်ချည်းကပ်ပြီးတော့ စစ်ကြောင်းလေးကြောင်းခွဲပြီးတော့ တိုက်ခိုက်ခဲ့တာ။ သူတို့အလူးအလဲခံလိုက်ရတယ်။”ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်ယော်တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers group တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (မေလ ၅ ရက်) ညနေပိုင်းကလည်း အင်အား ၅၀၀ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲ၍ အင်းဇောက်ကြီးကျေးရွာနှင့် ရွှေကျင်ကျေးရွာရှိ လူနေအိမ်များအား မီးရှို့ပြီး ပစ္စည်းများအား လုယူသွားကြောင်း၊ အဆိုပါ စစ်အုပ်စုအား ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းကွင်း(၃)ကွင်းသာ ဖောက်ခွဲနိုင်ခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းက တကောင်းမြို့အနီးတွင်လည်း စစ်ကောင်စီတပ်သည် အင်အား (၆၀)ခန့်ဖြင့် ဆူးတောရွာရှိ နေအိမ်၁၅ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်အုပ်စုက တန်ဖိုးကြီးပစ္စည်းများ ခိုးယူသယ်ဆောင်နေစဉ် နံနက် ၈ နာရီခွဲတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သပိတ်ကျင်း (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလစ်အငိုက် ၀င်ရောက်ပစ်ခတ်တိုက် ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ အများအပြားထိခိုက်သေဆုံးနိုင်သော်လည်း စာရင်းအတိအကျအား မသိရသေးဟု သပိတ်ကျင်း(ပ.က.ဖ)မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းများ ကျေးရွာများသို့ စစ်ကြောင်းထိုး၀င်ရောက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် မြို့နယ်(ပ.က.ဖ)မှထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။