Connect with us

Hi, what are you looking for?

သတင်း

အသက်သွေးချွေးများရင်းနှီးထားရသည့် တော်လှန်ရေးဖြစ်၍ NUGအပေါ် အားမရမှု ပေါ်ပေါက်နေခြင်းကဖြစ်သင့်ဟု ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးဖြတ်သန်းမှုကာလသည် သုံးနှစ်ထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး တော်လှန်ရေးကာလကြာညောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏စိတ်ရှည်သည်းခံနိုင်မှုသည်လည်း အတိုင်းအတာတစ်ခုအထိရှိနေသည်ဟု ဆိုသည်။

(ယနေ့ ကျင်းပသည့် NUGအစိုးရအဖွဲ့ အစည်းအဝေးပြုနေစဉ်)
(ယနေ့ ကျင်းပသည့် NUGအစိုးရအဖွဲ့ အစည်းအဝေးပြုနေစဉ်)

▪️တော်လှန်ရေးကာလ၌ ပြဿနာအကြီး၊အသေးကြုံကြရမည်၊ သာမန်ပြဿနာများနှင့် လမ်းဆုံးမနေရန် တိုက်တွန်း

ဒီမိုကရေစီ၏ အခြေခံနှုန်းစံများထဲ၌ လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် လွတ်လပ်စွာပြောဆို ဖော်ပြခွင့်များရှိထားပြီးဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအား ဝေဖန်မှုများ အားမလိုအားမရမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးဆိုတာ အသက်သွေးချွေးနဲ့ အရင်းအနှီးပေါင်း မြောက်မြားစွာရင်းနှီးမြှုပ်နှံပြီး လျှောက်လှမ်းကြရတဲ့ ဖြစ်စဉ်တစ်ခုမို့ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေးဖြတ်သန်းမှုကာလသည် သုံးနှစ်ထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး တော်လှန်ရေးကာလကြာညောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏စိတ်ရှည်သည်းခံနိုင်မှုသည်လည်း အတိုင်းအတာတစ်ခုအထိရှိနေသည်ဟု ဆိုသည်။

“သို့သော်လည်း လူထုဟာစစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက်စိတ်အားထက်သန်နေတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ်။ လူထုထဲမှာ ဘယ်လိုပဲ သဘောထားအမြင်တွေ ကွဲပြားနေသည်ဖြစ်စေ လူထုဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကို လုံးဝပြန်မရောက်ချင်ကြ တော့ဘူးဆိုတာသိသာ ထင်ရှားပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အစိုးရအနေဖြင့် လူထုလူတန်းစားအလွှာအသီးသီး၏အသံများကို အမြဲနားစွန့်နေရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော် တို့ဟာလည်း လူထုထဲက ပြည်သူလူထုဖြစ်တာမို့ အားနည်းချက် အားသာချက်တွေ ရှိထားသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့အတွင်းမှာလည်း လိုအပ်ချက်တွေ ရှိနေလိမ့်မယ်။ ဒီလို လိုအပ်ချက်တွေကို နည်းနိုင်သမျှ နည်းအောင် ဖြည့်ဆည်းပြီး ကြိုးစားနေကြရမှာ ကျွန်တော်တို့ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး ခရီးရှည်ကြီးကို လျှောက်လှမ်းနေကြရခြင်းဖြစ်၍ စိတ်ရှည်သည်းခံနိုင်စွမ်းကို ယခုထက်မြှင့်တင်မှ ကောင်းလိမ့်မည်ဟုလည်း ပြောသည်။

“တော်လှန်ရေး ကာလအတွင်းမှာ ပြဿနာကြီးကြီးမားမားတွေလည်း ပေါ်လာသလို၊ ပြဿနာ အသေးအမွှားတွေလည်း ပေါ်ပေါက်လာပါတယ်။ သာမန်ညောင်ည အသေးအမွှားပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံးမသွားကြဖို့ အထူးအရေးကြီးတယ်လို့ တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးဦးဆောင်သည့် အစိုးရဖြစ်သည်နှင့်အညီ အချင်းချင်းတစ်ဦးနှင့် တစ်ဦးကြား နားလည်မှု၊ ညီညွတ်မှုများနှင့် ရှေ့ဆက်ပြီး မဟာမိတ် တော်လှန်ရေး အင်အားစုတွေအားလုံးနှင့် ခိုင်ခိုင်မာမာ လက်တွဲကြရန်တုတ်တွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။