Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများ ခံစားချက်နှင့် နာကျင်မှုများလျစ်လျူရှုမထားရန် နိုင်ငံတကာကို NUG ယာယီသမ္မတတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယနေ့(မေလ ၂ ရက်)ကျင်းပသော အစိိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပြီး NUG သည် ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုသည်။

(စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့လာပြီး ပိတ်ဆို့ထားသောကြောင့် ပြည်သူများက လက်သုံးချောင်ထောင်၍ ကန့်ကွက်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့လာပြီး ပိတ်ဆို့ထားသောကြောင့် ပြည်သူများက လက်သုံးချောင်ထောင်၍ ကန့်ကွက်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

“ကျွန်တော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူဝိုင်းဝန်းကြိုးစားသွားကြပါစို့” – ယာယီသမ္မတဒူဝါလရှီးလ

မြန်မာပြည်သူများ၏ ခံစားချက်နှင့် နာကျင်မှုများကို လျစ်လျူရှုမထားဘဲ ဆွေးနွေးပွဲများတွင် ပြည်သူများ၏ ဆန္ဒများကို ဦးစားပေးအလေးထားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယနေ့(မေလ ၂ ရက်)ကျင်းပသော အစိိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပြီး NUG သည် ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျွန်တော်တို့ရဲ့ဆန္ဒဖြစ်ပါတယ်။ ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိပါမယ်လို့ ထပ်လောင်းပြီး အလေးအနက်ပြောလိုပါတယ်။ နိဂုံးချုပ်အနေဖြင့် အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူဝိုင်းဝန်းကြိုးစားသွားကြပါစို့လို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိိုင်းအဝိုင်း၏ ကြား၀င်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မြန်မာပြည်သူအများစုသည် အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် တစ်ရက်လေးမျှ ဆက်လက်နေထိုင်လိုသည့် ဆန္ဒမရှိကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုကို တစ်ရက်ထပ်မံခံရပါက အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရသည့် ပြည်သူအရေအတွက်မှာလည်း ထပ်မံတိုးလာနေမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနိုင်ငံအချို့အပါအဝင် အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံတို့က Track 1.5 Dialogue အမည်ဖြင့် အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်၌ တစ်ကြိမ်၊ မကြာသေးမီက အိန္ဒိယနိုင်ငံ နယူးဒေလီ၌ တစ်ကြိမ်ကျင်းပခဲ့သည်။

“ဒါပေမဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ်ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် ၂ နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရူးစစ်အုပ်စုသည် ၂၀၀၈ အခြေခံဥပဒေကို ၎င်းတို့ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

တဆက်တည်းတွင် NUG ယာယီသမ္မတက နိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)များနှင့် လူငယ်များက ရေးဆွဲခဲ့ကြောင်း ပြောသည်။

အဆိုပါ ပဋိညာဥ်၏ အစိတ်အပိုင်းအသီးသီးကို ကြားကာလတွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဖက်ဒရယ်ယူနစ်များအကြား အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီး ကြောင်းနှင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များအကြား အစိုးရအချင်းချင်းအကြား အပြုသဘောဆောင်သည့် လုပ်ငန်းလမ်းညွှန်မှုများ ပေါ်ပေါက်လာရေး အင်တိုက်အားတိုက် လုပ်ဆောင်ကြရန် ယာယီသမ္မတက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းသည်။