Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာနှင့် မြင်းခြံနယ်များရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

မေလ ၇ရက်ကလည်း မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ထုတ်ပြန်ထားသည်။

(တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)
(တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)

မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ပြောသည်။

မေလ ၈ ရက် နေ့လည် ၂နာရီက တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ် ရာရရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က အသိပေးသည်။

“သူတိုချင်း ရှေ့ပိုင်းစစ်ကြောင်းထိုးခဲ့တဲ့ ပြသာဒ်ကြီးရွာမှာ ကုက္ကိုလ်ပင်အောက် သရက်သီးစားတာတွေ ပြည်သူတွေငွေတောင်းတဲ့ကိစ္စ လူထုသတင်းတွေမှာ ပေါက်ကြားမူနဲ့ စာရင်းရှင်းရန်သတ်နေချိန် အဆောက်အဦးထဲ ဗုံးသီးတည့်တည့် ထည့်ချလိုက်တာ”ဟု MDDSအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူများအား တောင်သာမြို့မှ နာရေးကားဖြင့် လာရောက််သယ်ယူသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကိုခေါ်ပြီး ငွေတောင်းတဲ့ကိစ္စတွေကို လူထုသတင်းမှာ ရောက်သွားတာဟာ သူတို့အချင်းချင်း သစ္စာဖောက်ရှိတယ်ဆိုပြီး အပြန်အလှန်စစ်ဆေး ရိုက်နှက်နေကြတာဖြစ်တယ်။ အဲလိုအချိန်မှာတော်လှန်ရေးအင်အားစုက ဒရုန်းနဲ့ဗုံးသီးချသွားတာ။”ဟု လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက အသိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ မေလ ၉ ရက် ညနေ ၃နာရီခန့်ကလည်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းရှိ သင်ပြွန်းရွာလမ်းခွဲ ညောင်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရေးပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ကားသုံးစီးပျက်စီးသွားကြောင်း Myingnyan District Drone Strike (MDDS)အဖွဲ့က ထပ်မံထုတ်ပြန်ထား သည်။

“သူတို့ စစ်ဆေးရေးအပြီး ဇရပ်နား ကား သုံးစီးရပ်နားနေချိန် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။ဗုံးချတိုက်ခိုက်ပြီး မလှုပ်နိုင်ဘူး။ ကားလည်း ထိခိုက် သွားတယ်။ အချိန် အနည်းငယ်ကြာမှ ဒရုန်းကို လက်နက်ငယ်နဲ့ သုံးလေးချက်ပဲ ပြန်ပစ်နိုင်တယ်။”ဟု MDDSအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုကို Myingnyan District Drone Strike(MDDS)အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ တပ်ခွဲ ၁ 27 Revolution Forces၊ တပ်ခွဲ (၃) Burmese Guerilla Force၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ အမှတ် (၄)တပ်ရင်း၊ အမှတ်(၈)တပ်ရင်း၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ 8 Stars အဖွဲ့၊ နွားထိုးကြီးပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မေလ ၇ရက်ကလည်း မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။