Connect with us

Hi, what are you looking for?

သတင်း

တောင်သာနှင့် မြင်းခြံနယ်များရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

မေလ ၇ရက်ကလည်း မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ထုတ်ပြန်ထားသည်။

(တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)
(တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေစဉ်)

မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ပြောသည်။

မေလ ၈ ရက် နေ့လည် ၂နာရီက တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ် ရာရရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က အသိပေးသည်။

“သူတိုချင်း ရှေ့ပိုင်းစစ်ကြောင်းထိုးခဲ့တဲ့ ပြသာဒ်ကြီးရွာမှာ ကုက္ကိုလ်ပင်အောက် သရက်သီးစားတာတွေ ပြည်သူတွေငွေတောင်းတဲ့ကိစ္စ လူထုသတင်းတွေမှာ ပေါက်ကြားမူနဲ့ စာရင်းရှင်းရန်သတ်နေချိန် အဆောက်အဦးထဲ ဗုံးသီးတည့်တည့် ထည့်ချလိုက်တာ”ဟု MDDSအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူများအား တောင်သာမြို့မှ နာရေးကားဖြင့် လာရောက််သယ်ယူသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကိုခေါ်ပြီး ငွေတောင်းတဲ့ကိစ္စတွေကို လူထုသတင်းမှာ ရောက်သွားတာဟာ သူတို့အချင်းချင်း သစ္စာဖောက်ရှိတယ်ဆိုပြီး အပြန်အလှန်စစ်ဆေး ရိုက်နှက်နေကြတာဖြစ်တယ်။ အဲလိုအချိန်မှာတော်လှန်ရေးအင်အားစုက ဒရုန်းနဲ့ဗုံးသီးချသွားတာ။”ဟု လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက အသိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ မေလ ၉ ရက် ညနေ ၃နာရီခန့်ကလည်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းရှိ သင်ပြွန်းရွာလမ်းခွဲ ညောင်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရေးပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ကားသုံးစီးပျက်စီးသွားကြောင်း Myingnyan District Drone Strike (MDDS)အဖွဲ့က ထပ်မံထုတ်ပြန်ထား သည်။

“သူတို့ စစ်ဆေးရေးအပြီး ဇရပ်နား ကား သုံးစီးရပ်နားနေချိန် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။ဗုံးချတိုက်ခိုက်ပြီး မလှုပ်နိုင်ဘူး။ ကားလည်း ထိခိုက် သွားတယ်။ အချိန် အနည်းငယ်ကြာမှ ဒရုန်းကို လက်နက်ငယ်နဲ့ သုံးလေးချက်ပဲ ပြန်ပစ်နိုင်တယ်။”ဟု MDDSအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုကို Myingnyan District Drone Strike(MDDS)အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ တပ်ခွဲ ၁ 27 Revolution Forces၊ တပ်ခွဲ (၃) Burmese Guerilla Force၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ အမှတ် (၄)တပ်ရင်း၊ အမှတ်(၈)တပ်ရင်း၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ 8 Stars အဖွဲ့၊ နွားထိုးကြီးပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မေလ ၇ရက်ကလည်း မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myingnyan District Drone Strike(MDDS)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်