Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စျေးဝယ်လာသည့်စစ်သားများအားတိုက်ခိုက်ရာ တစ်ဦးသေ၊ သေနတ်တစ်လတ်သိမ်းဆည်းရမိ

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆)၊ ချောင်းဦးမြို့နယ်(ပကဖ) ဦးစီး Chaung U People Defence Force (CHUPDF) တပ်ခွဲ -၄ (မိုင်းတပ်ခွဲ) ပူးပေါင်း အင်အားတို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က ‌လေးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာပြင်းထန်ကြောင်း ပကဖအဖွဲ့က ဆိုသည်။

(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော စစ်သားတစ်ဦးအား ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးဘေးတွင် ကင်းစောင့်နေသော စစ်သားတစ်ဦးအား ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မိုင်းရှင်းထွက်လာသော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး သေနတ်တစ်လတ်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၉ရက်)နံနက်၆ နာရီခွဲခန့်က ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ဈေးဝယ်ထွက်လာစဥ် CHUPDF တပ်ခွဲ (၂) မှ ရဲဘော်များက စောင့်ဆိုင်းတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး ကာဘိုင်သေနတ် (၁)လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၁၄)တောင့်၏ သိမ်းဆည်းရမိကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က အသိပေးသည်။

“မနက်စာထွက်စားတဲ့ချိန် သေနတ်နဲ့ နားထင် တေ့ပစ်ခံရတယ် ပြောတယ်။ သူပါလာတဲ့မောင်းပြန်သေနတ်နဲ့ ကျည်ကတ်တွေလည်း ပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း ချောင်းဦးမြို့နှင့် အောင်ချမ်းသာကျေးရွာကြား မိုင်းရှင်းရန်ထွက်လာသော အင်အား ၃၀ခန့်ပါ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်း သုံးလုံး၊ ချောင်းဦးမြို့ဘောလုံးကွင်းအနီးတွင် ပဒေသာမိုင်း သုံးလုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆)၊ ချောင်းဦးမြို့နယ်(ပကဖ) ဦးစီး Chaung U People Defence Force (CHUPDF) တပ်ခွဲ -၄ (မိုင်းတပ်ခွဲ) ပူးပေါင်း အင်အားတို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က ‌လေးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာပြင်းထန်ကြောင်း ပကဖအဖွဲ့က ဆိုသည်။

ယမန်နေ့ ညနေ ၅နာရီခွဲခန့်ကလည်း နတ်ရေကန်ကျေးရွာမှ မိုင်းရှင်းထွက်လာသော အင်အား၂ဝခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ငါးယှန်ကျေးရွာ အနီးတွင် ပဒေသာမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ည ၈နာရီခွဲခန့်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော အင်အား ၁၀ ဦးပါစစ်ကြောင်းအား ငါးယှန်ရွာနှင့် သန်းပင်ကန်ရွာကြားတွင် ပဒေသာမိုင်း နှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုစစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်း (၆) ၊ ချောင်းဦးမြို့နယ်(ပကဖ)ဦးစီး Chaung U People Defence Force (CHUPDF) တပ်ခွဲ (၆)တို့က ပူးပေါင်းအင်အား ခုနစ်ဦးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် မေလ ၅ ရက်နှင့် ၆ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာအနီးရှိ ဒေသတွင်းPDFစခန်းငယ်နှစ်ခုထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး PDFရဲဘော် ငါးဦးနှင့် ဒေသခံ ပြည်သူ သုံးဦးကို သတ်ဖြတ်သွားခဲ့သည်။ ထို့အပြင် လက်ထုတ္တောရွာရှိ ပြည်သူနှစ်ဦးကိုပါသတ်ဖြတ်ကာ နေအိမ်၆၀၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook