Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကာလ ခိုင်ခံ့သည့်အဆောက်အအုံများ၌ နေထိုင်ရန်၊ မြစ်ချောင်းဘေး သတိပြု ရွှေ့ပြောင်းရန် ဂန့်ဂေါ(ပအဖ)သတိပေး

ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းအကြိုကာလနှင့် မုန်တိုင်းဝင်ရောက်ဆဲကာလများတွင် ခိုင်ခံ့သောအဆောက်အအုံများသို့ဘရွှေ့ပြောင်းနေထိုင်ရန် တိုက်တွန်းထားသည်။

(မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ဧပြီ ၂၅ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - ယောဒေသလုံးဆိုင်ရာစစ်ဘေးရှောင်ပြည်သူများကူညီရေး ကော်မတီ)
(မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ဧပြီ ၂၅ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - ယောဒေသလုံးဆိုင်ရာစစ်ဘေးရှောင်ပြည်သူများကူညီရေး ကော်မတီ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်စဉ် မုန်တိုင်းအန္တရာယ်နှင့်မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် နောက်ဆက်တွဲ ဘေးအန္တရာယ်များကျရောက်လာနိုင်ကြောင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြည်သူလူထုများသို့မုန်တိုင်း သတိပေးချက်ထုတ်ပြန်သည်။

ထို့ကြောင့် ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မုန်တိုင်းအကြိုကာလနှင့် မုန်တိုင်းဝင်ရောက်ဆဲကာလများတွင် ခိုင်ခံ့သောအဆောက်အအုံများသို့ဘရွှေ့ပြောင်းနေထိုင်ရန် တိုက်တွန်းထားသည်။

ထို့ပြင် အန္တရာယ်ရှိသည့် မြစ်၊ချောင်းများဘေးမှ သတိပြုရွှေ့ပြောင်းခြင်း၊အရေးပေါ်ဆေးဝါး စားနပ်ရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများအား အဆင်သင့် သိုလှောင်သိမ်းဆည်းထားခြင်း စသည့် ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လည်း သတိပေးတိုက်တွန်းခဲ့သည်။

“ဒီဘက်မှာကျတော့ မုန်တိုင်းဆိုတာ သိပ်မကြုံဖူးတော့ သိပ်မကြောက်ကြဘူးထင်တယ်။ ပြည်သူတွေက ဘာမှ ပြင်ဆင်ထားတာမျိုးသိပ်မရှိကြဘူး။ ပုံမှန်အတိုင်းပဲ”ဟု ဂန့်ဂေါဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မုန်တိုင်းနှင့်ပတ်သက်ပြီး ပညာပေးလှုံ့ဆောက်ခြင်းမျိုးမရှိဘဲ တစ်ဦးနှင့်တစ်ဦး မုန်တိုင်းသတင်းလက်ဆင့်ကမ်းသည့် အခြေအနေမျိုးသာရှိသည်ဟုဆိုသည်။ ဂန့်ဂေါနယ်တွင် စစ်ကောင်စီတပ်နေအိမ်များ မီးရှို့ထား၍ ဒေသခံများမှာ တောအတွင်း တိမ်းရှောင်နေရပြီး အကယ်၍ မုန်တိုင်းဝင်လာပါက အနည်းနှင့်အများ အခက်အခဲဖြစ်မည်ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

“မုန်တိုင်းလာမယ်ကြားလို့ ဟင်းတွေ နှစ်ရက်စာလောက်ကြိုချက်ထားတာမျိုးတော့ရှိတယ်။ တောထဲမှာနေနေတဲ့သူတွေကလည်း ပုံမှန်ပဲ သူတို့ဟာ သူတို့ တောထဲမှာနေနေကြတယ်။ တောထဲမှာ အရင်ကတည်းက စစ်ဘေးရှောင်နေကြတဲ့သူတွေရှိတယ်လေ။ အရမ်းကြီး မဖြစ်ဘဲ အဖျားလောက်ပဲ ရိုက်ခတ်မယ်လို့ ထင်ထားကြတာလေ။ ဆိုးဆိုးဝါးဝါး မုန်တိုင်းဆိုတာ မကြုံဖူးကြသေးတော့ မကြောက်ကြသေးဘူး။ တစ်ခါလောက်ကြုံဖူးရင်တော့ ပိုပြီးတော့ ကြောက်မှာပေါ့နော်”ဟု ဂန့်ဂေါဒေသခံက ပြောသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အလွန်အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်း(မိုခါ) သည် မေလ ၁၄ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဂန့်ဂေါမြို့နယ်သည်လည်းအဆိုပါမုန်တိုင်းဒဏ်ကို ခံစားရနိုင်ကြောင်း ပညာရှင်များ၏ သတိပေးချက်ကို ကိုးကားဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။