Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်တွင် နေအိမ်တစ်လုံးပေါ် မြေပြိုကျမှုဖြစ်ပြီး လူနှစ်ဦးသေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု‌ ဘေးများကို သတိပြုရန် သတိပေးထားသည်။

(သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်။ ဓာတ်ပုံ - တာချီလိတ်လူမှုကူညီ​ရေးအသင်း)
(သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်။ ဓာတ်ပုံ - တာချီလိတ်လူမှုကူညီ​ရေးအသင်း)

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်တစ်လုံးပေါ် မြေပြိုကျမှုဖြစ်ပြီး အဆိုပါ နေအိမ်လူနှစ်ဦး သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် ယနေ့(မေလ ၁၄ရက်) နံနက် ၃နာရီခန့်က ​အိမ်တစ်လုံး​ပေါ်သို့ ​မြေပြိုကျခဲ့ခြင်းဖြစ်ပြီး ​အိမ်အတွင်းအိပ်​​ပျော်​နေသည့် ဇနီး​မောင်နှံ နှစ်ဦးသေဆုံးသွားသည်ဟု တာချီလိတ်လူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။

” မိုးက မ‌နေ့ညကနေ ဒီနေ့ မနက်အထိ တောက်လျှောက်ရွာတာ။ မြေပြိုတာ သုံးလေးနေရာပဲ။ သေဆုံးတာကတော့ နှစ်ယောက်လို့ ကြားတယ်”ဟု ဆန်ဆိုင်းရပ်ကွက်တွင် နေသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

တာချီလိတ်မြို့တွင် ယမန်နေ့ (မေလ ၁၃ရက်​) တ‌ကုန်နေ မိုးရွာသွန်းခဲ့ပြီး ​ယနေ့(မေလ ၁၄ရက်​)မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ မြေပြိုမှုဘေးကြောင့် အသက်(၂၃)နှစ်အရွယ် ​မောင်​နေ​အောင်နှင့် အသက် (၂၂)နှစ်အရွယ် မဇလပ်ဖြူတို့ သေဆုံးသွားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးသည်းထန်စွာရွာနိုင်သည်ဟု မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု‌ ဘေးများကို သတိပြုရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

မြန်မာဖက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်မှုတွေ ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ ထွက်ပြေးလာတဲ့ ရုရှား ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။