Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းကြောင့် KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းအချို့ ထိခိုက်ပျက်စီး

KIOထိန်းချုပ် ဒေသရှိ မဂါးယန်နှင့် ရှအစ်ယန် စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်များ နေထိုင်ရာ အိမ်ခြေ ၂၀ ၊ အိမ်သာနှင့် မီးဖိုချောင် ၄၀ ခန့် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးမှုရှိခဲ့ကြောင်း အဆိုပါဒေသသို့ ရောက်ရှိနေသည့် ကိုစောမင်းနောင်က ပြောသည်။

KIOထိန်းချုပ် ဒေသရှိ မဂါးယန်နှင့် ရှအစ်ယန် စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်များ နေထိုင်ရာ အိမ်ခြေ ၂၀ ၊ အိမ်သာနှင့် မီးဖိုချောင် ၄၀ ခန့် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – Kachin Gander Star Group)

“ကျနော်တို့ အခုရောက်နေတဲ့ ရှအစ်ယန်နဲ့ မဂါးယန် စစ်ရှောင်စခန်းမှာတော့ လူအသေအပျောက်တော့ မရှိပေမယ့် အိုအိမ်အပျက်အစီးတွေတော့ရှိတယ်။ ဒီဘက်မှာကတော့ အမျိုးသမီးတွေက အိမ်ထောင်ဦးစီးတွေ ပိုများတော့ ပိုခက်ခဲကြတယ်”ဟု ကိုစောမင်းနောင်က ပြောသည်။

စခန်းထိခိုက်ပျက်စီးမှုများအပေါ် စခန်းကော်မတီများက ချက်ချင်း ပြင်ဆင်ဆောင်ရွက်မှုများတွေ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – Kachin Gander Star Group)

“အားလုံးက ကိုယ်ထူကိုယ်ထပဲ လုပ်ယူကြတာကို တွေ့ရတယ်။ ဒီလို လုပ်ဆောင်ကြတဲ့အခါ အိမ်ထောင်စုလူများတဲ့ သူတွေက ချက်ချင်းလုပ်နိုင်ပေမယ့် အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုတွေကတော့ ဒီလို နေနေကြရသေးတာကို မြင်တွေ့ရတယ်။ တာဝန်ရှိသူတွေဘက်က စီစဉ်ညွှန်ကြားတာ တွေလည်း အခုထိ ဘာမှ မရှိသေးတာကို တွေ့ရတယ်”ဟု ကိုစောမင်းနောင်က ယနေ့ ညပိုင်း၌ ပြောသည်။

Public Service Announcement
Public Service Announcement

မကြာသေးမီကလည်း KIO နယ်မြေရှိ စစ်ရှောင်စခန်း မီးလောင်မှု ဖြစ်ခဲ့ရာ KIOတာဝန်ရှိသူများလာရောက်ပြီး စခန်းနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။