Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းကြောင့် KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းအချို့ ထိခိုက်ပျက်စီး

KIOထိန်းချုပ် ဒေသရှိ မဂါးယန်နှင့် ရှအစ်ယန် စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်များ နေထိုင်ရာ အိမ်ခြေ ၂၀ ၊ အိမ်သာနှင့် မီးဖိုချောင် ၄၀ ခန့် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးမှုရှိခဲ့ကြောင်း အဆိုပါဒေသသို့ ရောက်ရှိနေသည့် ကိုစောမင်းနောင်က ပြောသည်။

KIOထိန်းချုပ် ဒေသရှိ မဂါးယန်နှင့် ရှအစ်ယန် စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင်များ နေထိုင်ရာ အိမ်ခြေ ၂၀ ၊ အိမ်သာနှင့် မီးဖိုချောင် ၄၀ ခန့် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – Kachin Gander Star Group)

“ကျနော်တို့ အခုရောက်နေတဲ့ ရှအစ်ယန်နဲ့ မဂါးယန် စစ်ရှောင်စခန်းမှာတော့ လူအသေအပျောက်တော့ မရှိပေမယ့် အိုအိမ်အပျက်အစီးတွေတော့ရှိတယ်။ ဒီဘက်မှာကတော့ အမျိုးသမီးတွေက အိမ်ထောင်ဦးစီးတွေ ပိုများတော့ ပိုခက်ခဲကြတယ်”ဟု ကိုစောမင်းနောင်က ပြောသည်။

စခန်းထိခိုက်ပျက်စီးမှုများအပေါ် စခန်းကော်မတီများက ချက်ချင်း ပြင်ဆင်ဆောင်ရွက်မှုများတွေ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Gander Star Group)
(KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်း နှစ်ခုမှ နေအိမ်အဆောက်အဦးများ ပျက်စီးနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – Kachin Gander Star Group)

“အားလုံးက ကိုယ်ထူကိုယ်ထပဲ လုပ်ယူကြတာကို တွေ့ရတယ်။ ဒီလို လုပ်ဆောင်ကြတဲ့အခါ အိမ်ထောင်စုလူများတဲ့ သူတွေက ချက်ချင်းလုပ်နိုင်ပေမယ့် အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုတွေကတော့ ဒီလို နေနေကြရသေးတာကို မြင်တွေ့ရတယ်။ တာဝန်ရှိသူတွေဘက်က စီစဉ်ညွှန်ကြားတာ တွေလည်း အခုထိ ဘာမှ မရှိသေးတာကို တွေ့ရတယ်”ဟု ကိုစောမင်းနောင်က ယနေ့ ညပိုင်း၌ ပြောသည်။

Public Service Announcement
Public Service Announcement

မကြာသေးမီကလည်း KIO နယ်မြေရှိ စစ်ရှောင်စခန်း မီးလောင်မှု ဖြစ်ခဲ့ရာ KIOတာဝန်ရှိသူများလာရောက်ပြီး စခန်းနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။