Connect with us

Hi, what are you looking for?

သတင်း

မတရားဖမ်းဆီးခံရသည့် ရက်ဂေးအဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာ

ရက်ဂေးအဆိုတော် စောဖိုးခွားသည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဒေါ်စိန်အေးသား သီချင်းသီဆိုမှုဖြင့် ပုဒ်မ ၅၀၅( ခ)နှင့် မတရားပုဒ်မတပ်ကာ ၂၀၂၁ ဒီဇင်ဘာ ၃၀ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံခဲ့ရသည်။

မတရားဖမ်းဆီးခံရသည့် ရက်ဂေးအဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာ
မတရားဖမ်းဆီးခံရသည့် ရက်ဂေးအဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်လာ

အာဏာသိမ်းသည့်နေ့တွင် မတရားဖမ်းဆီးခံရသည့် ရက်ဂေးအဆိုတော်စောဖိုးခွား ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ရက်ဂေးအဆိုတော် စောဖိုးခွားသည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဒေါ်စိန်အေးသား သီချင်းသီဆိုမှုဖြင့် ပုဒ်မ ၅၀၅( ခ)နှင့် မတရားပုဒ်မတပ်ကာ ၂၀၂၁ ဒီဇင်ဘာ ၃၀ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံခဲ့ရသည်။

“၂၀၂၂ နိုဝင်ဘာ ၁၅ မှာ ရက်စေ့လို့ ၂ ယောက်အတူ ထောင်ကလွတ်တယ်။ ဒါပေမဲ့ သူ့ကို တောင်ငူရဲစခန်းက ထောင်ရှေ့မှာလာစောင့်ပြီး တောင်ငူထောင်ကို ခေါ်သွားတယ်။ ရွေးကောက်ပွဲမဲဆွယ်ရေးကာလတုန်းက သံတောင်ကြီးမှာ သူသီချင်းသွားဆိုတာကို Covid အမှုနဲ့တရားစွဲခံရဖူးတယ်။ အဲဒါကိုအသက်ပြန်သွင်းတာတဲ့။ဒီနေ့ သူပြန်လွတ်လာပြီ။ “ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရေးသားထားသည်။

ရက်ဂေးအဆိုတော် စောဖိုးခွားသည် စစ်နှင့်ငြိမ်းချမ်းရေးသီချင်းများ သီဆိုသူတစ်ဦးဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်း၏ မိသားစုဝင်တစ်ဦးကလည်း ‌ပြန်လ်လွတ်မြောက်လာသည့် စောဖိုးခွား၏ ကျန်းမာရေး ကောင်းမွန်ကြောင်း လူမှူကွန်ရက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

စတူဒီယိုခေတ်ဦးအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂီတပညာရှင် ဗစ်တာခင်ညိုက ဒီနေ့ (စက်တင်ဘာ ၂၅)မနက်မှာ ကွယ်လွန်သွားပါတယ်။

သတင်း

စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။