Connect with us

Hi, what are you looking for?

သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော် စောဖိုးခွားတို့ ပြန်လွတ် မြောက်လာ

အကြမ်းဖက်စစ်ကောင်စီက ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ – ၅၀၅(ခ) ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သလို ရက်ဂေးအဆိုတော် စောဖိုးခွားကို သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

ရက်ဂေးအဆိုတော် စောဖိုးခွား
ရက်ဂေးအဆိုတော် စောဖိုးခွား

အာဏာသိမ်းသည့်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့်ရက်ဂေးအဆိုတော် စောဖိုးခွားတို့ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အတည်ပြုသည်။

“မယ်တို့ပျော်နေတာအရမ်း ၊ မယ့်အပါးအိမ်ပြန်ရောက်ပါပြီတဲ့ “ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ဇနီးဟောင်းက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒါရိုက်တာ မင်းထင်ကိုကိုကြီး

အကြမ်းဖက်စစ်ကောင်စီက ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ပုဒ်မ – ၅၀၅(ခ) ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သလို ရက်ဂေးအဆိုတော် စောဖိုးခွားကို သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အနုပညာရှင်နှစ်ဦး မတရားဖမ်းဆီးခံထားရသည်မှာ တစ်နှစ်နှင့် ကိုးလကြာမြင့်ပြီဖြစ်သောကြောင့် လွတ်ရက်စေ့၍ လွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ပြည်သူအချို့က ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် အောက်တိုဘာ ၂၈ရက်ကလည်း အဆိုတော် ပိုပို ၊ အလှအပဆိုင်ရာ ဘလော့ဂါ ဝင်းမင်းသန်း နှင့် ဒါရိုက်တာ မိုက်တီးတို့ကို ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီက ၎င်းတို့ မတရားပုဒ်မတပ်ဖမ်းဆီးထားသည့် အနုပညာရှင်များကို ယခုနှစ်အတွင်း ဆက်တိုက်လွှတ်ပေးနေသော်လည်း လက်ရှိအချိန်တွင် ရဲတိုက်၊ ဆင်မ စသည့် အနုပညာရှင်များကျန်ရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။