Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်စွဲထား​သော လားရှိုးနည်းပညာအထက်တန်း​ကျောင်း ​ရှော့တိုက်ဒုံးဖြင့်အပစ်ခံရ

“ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်” ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်စွဲထားသည့်လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ယနေ့(မေလ၂၂ရက်) နံနက် ၁နာရီ ၁၀မိနစ်တွင် အစောပိုင်းတွင် ရှော့တိုက်ဒုန်း လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်” ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ထိခိုက်မှုကို မသိရသေးပေ။နည်းပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦအပေါ်ထပ် အမိုးအား ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျောင်းအနီးရှိ စစ်မှုထမ်းဟောင်းရပ်ထဲမှ နေအိမ်အချို့လည်း ပျက်စီးခဲ့သည်ဟု မြို့ခံများကပြောသည်။

Public Service Announcement
Public Service Announcement

” စစ်တပ်က ကျောင်းထဲမှာ တပ်စွဲထားတယ်။ စစ်တပ်ဘက် ဒဏ်ရာရတာရှိမရှိမသိသေးဘူး။ ဒီနေ့မနက်‌တော့ စစ်တပ်နဲ့ သူတို့သတင်းပေးတွေ ဓာတ်ပုံလာရိုက်တာတွေ့တယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။