Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးအတွင်း CNDF ရဲဘော် ၃၂ဦး ကျဆုံး

မေလ ၂၁ရက်တွင် ကျရောက်သည့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ကျဆုံး CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ နာ​ရေးနှင့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ်အလံကိုတိုင်တစ်ဝက်တွင်လွှင့်ထားစဥ်။ ဓါတ်ပုံ-CNDF)
(ကျဆုံး CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ နာ​ရေးနှင့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ်အလံကိုတိုင်တစ်ဝက်တွင်လွှင့်ထားစဥ်။ ဓါတ်ပုံ-CNDF)

တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်

နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသည့် အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) ဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် အမျိုးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသူ ရဲဘော် ၃၂ဦး ရှိပြီဖြစ်ကြောင်း CNO/CNDF က ယမန်နေ့တွင် ထုတ်ပြန်သည်။

မေလ ၂၁ရက်တွင် ကျရောက်သည့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

CNDF အနေဖြင့် နှစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖော်ဆောင်နိုင်ခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းကျုံးငိုင်းက People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။ လက်နက်ခဲယမ်း ဝယ်ယူနိုင်ရေး ဘဏ္ဍာငွေ အခက်အခဲရှိခဲ့ပြီး ရဲဘော်အားလုံးအား လက်နက်ခဲယမ်းအပြည့်အစုံ တပ်ဆင်ပေးနိုင်ခြင်းမရှိသော်လည်း စခန်းသိမ်းတိုက်ပွဲ များကိုပါ ၂ နှစ်အတွင်းဆင်နွှဲလာနိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

(ကျဆုံး CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ နာ​ရေးနှင့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ်အလံကိုတိုင်တစ်ဝက်တွင်လွှင့်ထားစဥ်။ ဓါတ်ပုံ-CNDF)
(ကျဆုံး CNDF တပ်ဖွဲ့ဝင်တစ်ဦး၏ နာ​ရေးနှင့် (၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ်အလံကိုတိုင်တစ်ဝက်တွင်လွှင့်ထားစဥ်။ ဓါတ်ပုံ-CNDF)

“ ၂ နှစ်အတွင်း တိုက်ပွဲပေါင်းလည်း ၁၂၂ ကြိမ်ရှိလာပြီဆိုတော့ တိုက်ရည်ခိုက်ရည်လည်း ပိုကျွမ်းကျင်လာကြတယ်။ နောက်ပြီးနယ်မြေလည်း ပိုကျွမ်းကျင်လာကြတယ်။ အဲဒီဘက်အပိုင်းမှာတော့ တိုးတက်မှုရှိတာပေါ့”ဟု ဆလိုင်းကျုံးငိုင်းက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

၂ နှစ်တာအတွင်းကျဆုံးခဲ့​သော သူရဲ​ကောင်းများအတွက် ရည်စူးပြုလုပ်​သောချင်းအမျိုးသားအာဇာနည်နေ့တွင် အနယ်နယ်အရပ်ရပ်၌ ရောက်ရှိနေသည့် ချင်းအမျိုးသားပြည်သူများအနေဖြင့် ကျဆုံးအာဇာနည် သူရဲကောင်းများကိုဂုဏ်ပြုရင်း ချင်းအမျိုးသားတာဝန်များကို ပြန်လည်အောက်မေ့သတိရရန် CNO/CNDFက တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

CNO/CNDF အနေဖြင့်လည်း ချင်းအမျိုးသာလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အရှိန်အဟုန်မပြတ် ဆထက်တပိုး ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကျဆုံးအာဇာနည်သူရဲကောင်းများကို တိုင်တည်သစ္စာဆို ကတိပြုခဲ့သည်။

ချင်းပြည်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက် အသက်ပေးခဲ့ကြသူများ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ မပေါ်ပေါက်ခင်က အသက်ပေးခဲ့ကြသော ပြည်မ တောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများအား အမှတ်တရ ပြုရန်အတွက် ချင်းအမျိုးသားအာဇာနည်နေ့ကို သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ ထိုသို့ ကျင်းပရာ၌ CDNF တပ်ဖွဲ့ဝင်များထဲမှ ပထမဆုံး ကျဆုံးခဲ့သည့် ၂၀၂၁ မေလ ၂၁ရက်ကိုအစွဲပြု၍ ချင်းအမျိုးသားအာဇာနည်နေ့ကို ပြုလုပ်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

CNO/CNDFသည် ချင်းပြည်နယ် ဖလမ်းမြို့နှင့်ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရာတွင် အခြား ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်​​ကေူင်စီကိုတိုက်ခိုက်​နေသည်။ CNDF အနေဖြင့် ယခုနှစ်ဧပြီလအတွင်းက ဖလမ်းမြို့နယ် ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးကျော်သေဆုံးခဲ့ပြီး ၁၄ဦးထက်မနည်းကို အရှင်ဖမ်းမိခဲ့သည်။

CNDF အနေဖြင့် နှစ်နှစ်တာအတွင်း ဗားရ်စခန်းသိမ်းတိုက်ပွဲမှာ အထင်ရှားဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။