Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် တရုတ်-မြန်မာဓါတ်​ငွေ့ပိုက်လိုင်းအ​စောင့် စခန်းငယ်ကို PDFများတိုက်ခိုက်

ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်​ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။

(မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာတစ်​နေရာတွင် ပိုက်လိုင်းတည်​ဆောက်စဥ်ကမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာတစ်​နေရာတွင် ပိုက်လိုင်းတည်​ဆောက်စဥ်ကမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

▪︎ပိုက်လိုင်းအ​စောင့်စခန်းမှစစ်သား ၄ဦး​သေဦးPDF​ပြော

မန္တလေးတိုင်း၊ ‌တောင်သာမြို့နယ်မှ ဖြတ်သန်းသွယ်တန်းထား​သော တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်း​၏အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားကြောင်း PDF အချို့က​ပြောသည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စခန်းဖြစ်သည့် မင်းဂံစစ်ဆေးရေးစခန်းကို ယမန်နေ့(မေလ ၂၂ရက်) ည ၈နာရီခွဲတွင် စတင်တိုက်ခိုက်ခြင်းဖြစ်​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒုန်းနဲ့ချတယ်။ အနီးကပ်ကပ်ပစ်တယ်။ စစ်တပ်ဘက်က လေးယောက်သေတယ်။ ကျွန်တော်တို့ဘက်ကထိခိုက်တာမရှိဘူး” ဟု အဆိုပါရဲဘော်ကပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်သားများ​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။မင်းဂံစခန်းသည် တောင်သာမြို့နှင့် မိုင်ဝက်ခန့်သာဝေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို ​ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုသည် ပိုက်လိုင်းကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်ဂိတ်စခန်းကိုသာ ဦးတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများကပြောသည်။

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တောင်သာမြို့နယ်အတွင်း ၂၂မိုင်ဖြတ်သွားသည်။

ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်​ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”