Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် ပျူများအားသတိပေးထားသည့် ဆိုင်းဘုတ်လာဖြုတ်စဉ် ပေါက်ကွဲပြီး ပျူနှစ်ဦးထိခိုက်ဟုဆို

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

မိုင်းထောင်ထားခဲ့သည့် ပျူများအား သတိပေးထားသော ဆိုင်းဘုတ်အားတွေ့ရစဥ်။ ဓာတ်ပုံ-Never Give Up Fighter Force
မိုင်းထောင်ထားခဲ့သည့် ပျူများအား သတိပေးထားသော ဆိုင်းဘုတ်အားတွေ့ရစဥ်။ ဓာတ်ပုံ-Never Give Up Fighter Force

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်များအား သတိပေးထားသည့် ဆိုင်းဘုတ်လာဖြုတ်သော ပျူများမိုင်းထိပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Never Give Up Fighter Force(ပြင်ဦးလွင်ခရိုင်ပကဖ)အဖွဲ့က ပြောသည်။

ယမန်နေ့ (မေလ ၂၃ ရက်) နံနက် ၃နာရီခွဲကျော် က မတ္တရာမြို့နယ်၊ ကျုံးကျေးရွာအနီး ရွှေတချောင်းပေါင်ပေါ်တွင် ပျူ​ခေါင်းဆောင် ဝင်းဆွေ၊ ဘိုသန်းနှင့် အပေါင်းအပါများအား သတိပေးထားသော ဆိုင်းဘုတ်ကို လက်လုပ်မိုင်းဖြင့် တွဲ၍ ထောင်ထားခဲ့သည်။

ထို့​နောက် နံနက် ၆ နာရီခန့်တွင် ပျူများက အဆိုပါ ဆိုင်းဘုတ်အား လာဖြုတ်စဥ် ပေါက်ကွဲ၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Never Give Up Fighter Force အဖွဲ့က ပြောသည်။

“ပျူတွေက ရွှေချောင်းကပါ။ ၁၂ယောက်လောက် ပါပါတယ်။ သူတို့ဖာသာ ပြည်သူမသိအောင်ဘဲသိုသိုဝှက်ဝှက်လုပ်သွားတုန်းထိတာပါ။”ဟု Never Give Up Fighter Force အဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်မှုအခြေအနေနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။