Connect with us

Hi, what are you looking for?

သတင်း

သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ပျံလွန်တော်မူ

ဆရာတော် သီတင်းသုံးရာ မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်မှာတင် ပျံလွန်တော် မူသွားတယ်လို့ သိရပါတယ်။

သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ပျံလွန်တော်မူ
သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ပျံလွန်တော်မူ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသဟာ မေလ၂၅ရက် ညပိုင်း ၁၁နာရီ ၁၁မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။

ဗန်းမော်ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅နှစ်၊ ဝါတော် ၇၅ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော် သီတင်းသုံးရာ မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်မှာတင် ပျံလွန်တော် မူသွားတယ်လို့ သိရပါတယ်။

ဆရာတော်ဟာ ကျန်းမာရေးချို့ယွင်းလာလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်း ရက်ရှည်ဆေးကုသမှုခံယူခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဗန်မော်ဆရာတော်ကြီးဟာ အသက် ၁၄နှစ်အရွယ်မှာ သာသနာ့ဘောင်စတင်ဝင်ရောက်ခဲ့ပြီး မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၊ရဘဲရွာဇာတိဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ရွှေညဝါဆရာတော်(ခ) ဆရာတော် အရှင်ပညာသီဟ ဟာ ဒီကနေ့ (ဇူလိုက်၁၀ရက်) မနက်မှာ ပျံလွန်တော်မူသွားတယ်လို့ ဆရာတော်နဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

သတင်း

ဗာတီကန် နန်းတော်က ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးဟာ ဧပြီ ၂၁ ရက်နေ့က ပျန်လွန်​တော်မူခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြင်းထန်တဲ့ အဆုတ် နမိုးနီးယားဝေဒနာကြောင့်ရောမမြို့ရဲ့ဂီမယ်လီဆေးရုံမှာ ၃၈ ရက်ကြာ တက်ရောက်ခဲ့ရပြီးတဲ့နောက် ပြန်လည် သက်သာလာပြီး မတ်လ ၂၃ ရက်နေ့ကမှ ဆေးရုံဆင်းလာခဲ့တာ ဖြစ်ပါတယ်။

သတင်း

"လှည့်ကင်းကမသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာပေါ့။"ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။