Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်၍ (၃)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

အထိနာခဲ့သည့် စစ်ကောင်စီက နံနက် ၇နာရီ ကစ၍ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးသီးကြီး သုံးလုံးကြဲချခဲ့သည်။

(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်း – ကရင်နီ(ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ (၃)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ယနေ့(မေလ ၂၇ ရက်)နံနက်အစောပိုင်းကစ၍ မိုးဗြဲမြို့တွင်း၌ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲအတွင်း ထိခိုက်မှုများစွာရှိခဲ့သည့် စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများစွာရယူခဲ့သည်။

“ညနေကမှ စည်ကား(၃)ရပ်ကွက်ထဲကို ကျတဲ့လက်နက်ကြီး ကျည်စထိမှန်ပြီး ဆုံးသွားတာပါ။တိုက်ပွဲကလည်း အခုထိ မငြိမ်သေးဘူး”ဟု မိုးဗြဲ မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် (၃)နှစ်နှင့်ငါးလအရွယ် သမီးငယ်လေးကို အချိန်မီကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဘယ်ဘက်ရင်ဘတ်ပွင့် ဒဏ်ရာပြင်းထန်စွာရရှိထားသောကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း Mobye Rescue Teamက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့တွင်း ညောင်းဝိုင်းရပ်ကွက်နှင့် မြို့ပတ်ပတ်လည် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၅နာရီခန့်ကစ၍ တိုက်ခိုက်ခဲ့သည်။

“ညောင်ဝိုင်းမှာက စကစဘက်က အထိုင်တပ်စွဲထားတာရှိတယ်။အဲဒါ ဒီမနက် ကရင်နီပူးပေါင်းတပ်ကဝင်တိုက်တာ။ နှစ်ဖက်ထိခိုက်မှုကတော့ အသေးစိတ်ပြောမရသေးဘူး”ဟု ကရင်နီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

အထိနာခဲ့သည့် စစ်ကောင်စီက နံနက် ၇နာရီ ကစ၍ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးသီးကြီး သုံးလုံးကြဲချခဲ့သည်။

ပြီးခဲ့သည့် ဧပြီ၂၆ ရက်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့ကို KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည် သူ့ကာကွယ်ရေးတပ်(MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

အဆိုပါ တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆမတန် အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့ရသည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄)လက်၊ MA -2 (၄)လက်၊ MA -3 (၂) လက်၊ MA-4 (၁)လက်၊ RPG-7 (၁)လက်၊ (၆၀) မမပြောင်းတို (၂ )ခု သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။