Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်၍ (၃)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

အထိနာခဲ့သည့် စစ်ကောင်စီက နံနက် ၇နာရီ ကစ၍ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးသီးကြီး သုံးလုံးကြဲချခဲ့သည်။

(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်း – ကရင်နီ(ကယား) ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ (၃)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ယနေ့(မေလ ၂၇ ရက်)နံနက်အစောပိုင်းကစ၍ မိုးဗြဲမြို့တွင်း၌ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲအတွင်း ထိခိုက်မှုများစွာရှိခဲ့သည့် စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများစွာရယူခဲ့သည်။

“ညနေကမှ စည်ကား(၃)ရပ်ကွက်ထဲကို ကျတဲ့လက်နက်ကြီး ကျည်စထိမှန်ပြီး ဆုံးသွားတာပါ။တိုက်ပွဲကလည်း အခုထိ မငြိမ်သေးဘူး”ဟု မိုးဗြဲ မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် (၃)နှစ်နှင့်ငါးလအရွယ် သမီးငယ်လေးကို အချိန်မီကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဘယ်ဘက်ရင်ဘတ်ပွင့် ဒဏ်ရာပြင်းထန်စွာရရှိထားသောကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း Mobye Rescue Teamက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့တွင်း ညောင်းဝိုင်းရပ်ကွက်နှင့် မြို့ပတ်ပတ်လည် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၅နာရီခန့်ကစ၍ တိုက်ခိုက်ခဲ့သည်။

“ညောင်ဝိုင်းမှာက စကစဘက်က အထိုင်တပ်စွဲထားတာရှိတယ်။အဲဒါ ဒီမနက် ကရင်နီပူးပေါင်းတပ်ကဝင်တိုက်တာ။ နှစ်ဖက်ထိခိုက်မှုကတော့ အသေးစိတ်ပြောမရသေးဘူး”ဟု ကရင်နီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

အထိနာခဲ့သည့် စစ်ကောင်စီက နံနက် ၇နာရီ ကစ၍ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးသီးကြီး သုံးလုံးကြဲချခဲ့သည်။

ပြီးခဲ့သည့် ဧပြီ၂၆ ရက်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့ကို KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည် သူ့ကာကွယ်ရေးတပ်(MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

အဆိုပါ တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆမတန် အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့ရသည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄)လက်၊ MA -2 (၄)လက်၊ MA -3 (၂) လက်၊ MA-4 (၁)လက်၊ RPG-7 (၁)လက်၊ (၆၀) မမပြောင်းတို (၂ )ခု သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။