Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနှင့် ဝက်လက်နယ်ရှိ စစ်ကောင်စီတပ်ဘန်ကာနှင့် စစ်ကြောင်းအား ဒရုန်းဖြင့် တိုက်ခိုက်

စစ်ဆင်ရေး နှစ်ခုကို BLACK WOLF – ARMY တပ်ဖွဲ့ နှင့် WHO AM I – ARMY တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဟန်လင်းကျေးရွာဖြစ်စဥ်တွင် ပြည်သူ့အစေခံတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မေလ ၃၀ ရက် ဝက်လက်မြို့နယ် စခန်းသာရွာတွင် ဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးချ ဖြစ်စဥ်အား မြေပုံဖြင့် ပြသထားစဥ်)
(မေလ ၃၀ ရက် ဝက်လက်မြို့နယ် စခန်းသာရွာတွင် ဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးချ ဖြစ်စဥ်အား မြေပုံဖြင့် ပြသထားစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘန်ကာနှင့် စစ်ကြောင်းတို့အား ဒရုန်းဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း Black Wolf Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၃၀ ရက်) ညနေပိုင်းက ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဆယ့်သုံးမိုင်ရွာမှ ထွက်လာသော အင်အား ၅ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ညနေ ၆ နာရီခွဲခန့်က ဝက်လက်မြို့နယ် စခန်းသာရွာတွင် ဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း Black Wolf Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိူ့သော် စစ်ကောင်စီတပ်သား ထိခိုက်မှုရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ညနေ ၅ နာရီခန့်တွင် စခန်းသာကျေးရွာသို့ရောက်ရှိပြီးနောက် ၁နာရီကျော်အကြာတွင် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၂၈ ရက် ည ၁၀ နာရီခွဲခန့်ကလည်း ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ခန့်ရှိ စစ်ကောင်စီတပ်သားများအား ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ရာ ဘန်ကာ ထိမှန်ပြီး စစ်သား လေးဦး အပြင်းအထန် ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ဆင်ရေး နှစ်ခုကို BLACK WOLF – ARMY တပ်ဖွဲ့ နှင့် WHO AM I – ARMY တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဟန်လင်းကျေးရွာဖြစ်စဥ်တွင် ပြည်သူ့အစေခံတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

“ခြေလျင်စစ်ကြောင်းက စခန်းသာမှာတပ်စွဲထားတာ။ ရွာနားလေးပဲ ဖြစ်တာ။ ဟန်လင်းရွာဖြစ်စဥ်က ဘန်ကာကတော့ ရွာဘုန်းကြီးကျောင်းထဲမှာဆောက်ထားတာပါ။”ဟု Black Wolf Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက် နံနက်ပိုင်းကလည်း ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင်အင်အား ၅၀ ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း BLACK WOLF – ARMY အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။