Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆန်ဈေးအမြင့်ဈေးတွင် ဆက်လက်ရှိနေ

ဆန်ဈေးသည် လက်ရှိတွင် အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေပြီး ဈေးကွက်မှ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၀၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၈၅၀၀၀ အထိပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

(စပါးများကို​နေလှန်းပြီး ပြန်သိမ်း​နေ​သောလုပ်သားတစ်ဦး။ ဓါတ်ပုံ- Taylor Weidman/Bloomberg)
A Burmese worker collects baskets of rice husks to be burned near Keng Tung, Myanmar on Thursday, February 18, 2016. (Taylor Weidman/Bloomberg)

ဆန်ဈေးကွက်အတွင်း သိုလှောင်သူများနှင့်ပြည်ပသို့ပိုမိုတင်ပိုခွင်ပြု​နေ​သောကြောင့် မိုခါမုန်တိုင်းအပြီးတွင် ပြည်တွင်းဆန်ဈေးမှာ မကျဘဲအတက်ဈေးတွင် ဆက်လက်ရှိနေကြောင်း ဆန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဆန်ဈေးသည် လက်ရှိတွင် အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေပြီး ဈေးကွက်မှ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၀၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၈၅၀၀၀ အထိပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ထိုဈေးနှုန်းများသည် မေ ၁လဆန်းပိုင်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟု ဆန်ကုန်သည်များကပြောသည်။

ထိုအပြင် လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဆန်စက်အချို့လည်ပတ်မှုနည်းလာပြီး ဆန်အဝင်နည်းခြင်းကြောင့်ဈေးကွက်အတွင်း ဆန်ဝင်ရောက်နည်းနေကြောင်းလည်း ဆန်စက်လုပ်ငန်းရှင်များက​ပြောသည်။

Public Service Announcement

Public Service Announcement

“အဓိက ဆန်လှောင်တဲ့သူတွေ ကြောင့် ဆန်ဈေးက မကျဘူးဖြစ်နေတာ၊ အခုလည်း အိမ်ထောင်စုအလိုက်ဝယ်ယူစုတာကော၊ ကုန်သည်တွေက ဝယ်လှောင်တာကောရှိနေတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ဆန်စက်များ၊ ဆန်ကုန်သည်များနှင့် ဆန်အရောင်းဆိုင်များသည် ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်စနစ်ကို ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း ဥက္ကဌ ဦးရဲမင်းအောင်က ဆိုထားသည်။ မှတ်ပုံတင်ထားခြင်းမရှိပါက ကြပ်မတ်စစ်ဆေးပြီး အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ ဆန်သို​လှောင်မှုကိုထိန်းချုပ်ရန် ကြိုးစား​နေ​သော်လည်း စစ်ကောင်စီကဆန်တင်ပို့မှုကိုမူ ထိန်းချုပ်မှုမရှိဘဲ များနိုင်သမျှ​ရောင်းရန်လုပ်​နေကြသည်။ ပြည်တွင်း၌ တိုက်ပွဲများ ၊စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးပြီးအကြမ်းဖက်ဖျက်ဆီး၍ ဆန်စပါးစိုက်ပျိုးမှုနည်းသွား​သော်လည်း စစ်​ကောင်စီက ဆန်တင်ပို့မှုကို တိုးတင်ပို့နိုင်ရန် လုပ်​နေသဖြင့်ဆန်​ဈေးတက်ခြင်းဖြစ်​ကြောင်းလည်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ရာတွင် ၂၀၂၃ ဧပြီတလတည်းတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲ မက္ကထရစ်တန်ချိန် ၈၇၆၄၈ တင်ပို့ခဲ့သည်ဟုဆိုထားသည်။ စစ်ကောင်စီက ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၂၂ ဒဿမ ၆ သန်း တင်ပို့ခဲ့ပြီး ‌ဒေါ်လာ သန်း ၈၅၆ ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဆန်တန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် စစ်ကောင်စီက စီစဉ်ထားသည်။

လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်ပတင်ပို့ရသမျှပို့ကုန်အများစုကို ယခင်ထက် ပို၍တင်ပို့ပြီး​ဒေါ်လာရှာရန်ကြိုးစား​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။ပို့ကုန်မှရ​သော​ဒေါ်လာအများစုကိုလည်း စစ်​ကောင်စီက ​ဈေးနှိမ့်ဖွင့်ထား​သော​ငွေလဲနှုန်းဖြင့် မလဲမ​နေရ လဲလှယ်ရန် စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖိအား​ပေး​နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

သတင်း

ပြည်တွင်း၌ ဆန်​ဈေးတက်ပြီး ပြည်သူအများစုစားဝတ်​နေ​ရေး ခက်ခဲ​နေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရန် ဆန် ပြည်ပတင်ပို့မှုကို တိုး၍ တင်ပို့နေသည်။

ဆောင်းပါး

"တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။

သတင်း

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။