Connect with us

Hi, what are you looking for?

သတင်း

ဆန်ဈေးအမြင့်ဈေးတွင် ဆက်လက်ရှိနေ

ဆန်ဈေးသည် လက်ရှိတွင် အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေပြီး ဈေးကွက်မှ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၀၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၈၅၀၀၀ အထိပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

(စပါးများကို​နေလှန်းပြီး ပြန်သိမ်း​နေ​သောလုပ်သားတစ်ဦး။ ဓါတ်ပုံ- Taylor Weidman/Bloomberg)
A Burmese worker collects baskets of rice husks to be burned near Keng Tung, Myanmar on Thursday, February 18, 2016. (Taylor Weidman/Bloomberg)

ဆန်ဈေးကွက်အတွင်း သိုလှောင်သူများနှင့်ပြည်ပသို့ပိုမိုတင်ပိုခွင်ပြု​နေ​သောကြောင့် မိုခါမုန်တိုင်းအပြီးတွင် ပြည်တွင်းဆန်ဈေးမှာ မကျဘဲအတက်ဈေးတွင် ဆက်လက်ရှိနေကြောင်း ဆန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဆန်ဈေးသည် လက်ရှိတွင် အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေပြီး ဈေးကွက်မှ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၀၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၈၅၀၀၀ အထိပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ထိုဈေးနှုန်းများသည် မေ ၁လဆန်းပိုင်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟု ဆန်ကုန်သည်များကပြောသည်။

ထိုအပြင် လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဆန်စက်အချို့လည်ပတ်မှုနည်းလာပြီး ဆန်အဝင်နည်းခြင်းကြောင့်ဈေးကွက်အတွင်း ဆန်ဝင်ရောက်နည်းနေကြောင်းလည်း ဆန်စက်လုပ်ငန်းရှင်များက​ပြောသည်။

Public Service Announcement

Public Service Announcement

“အဓိက ဆန်လှောင်တဲ့သူတွေ ကြောင့် ဆန်ဈေးက မကျဘူးဖြစ်နေတာ၊ အခုလည်း အိမ်ထောင်စုအလိုက်ဝယ်ယူစုတာကော၊ ကုန်သည်တွေက ဝယ်လှောင်တာကောရှိနေတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ဆန်စက်များ၊ ဆန်ကုန်သည်များနှင့် ဆန်အရောင်းဆိုင်များသည် ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်စနစ်ကို ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း ဥက္ကဌ ဦးရဲမင်းအောင်က ဆိုထားသည်။ မှတ်ပုံတင်ထားခြင်းမရှိပါက ကြပ်မတ်စစ်ဆေးပြီး အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ ဆန်သို​လှောင်မှုကိုထိန်းချုပ်ရန် ကြိုးစား​နေ​သော်လည်း စစ်ကောင်စီကဆန်တင်ပို့မှုကိုမူ ထိန်းချုပ်မှုမရှိဘဲ များနိုင်သမျှ​ရောင်းရန်လုပ်​နေကြသည်။ ပြည်တွင်း၌ တိုက်ပွဲများ ၊စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးပြီးအကြမ်းဖက်ဖျက်ဆီး၍ ဆန်စပါးစိုက်ပျိုးမှုနည်းသွား​သော်လည်း စစ်​ကောင်စီက ဆန်တင်ပို့မှုကို တိုးတင်ပို့နိုင်ရန် လုပ်​နေသဖြင့်ဆန်​ဈေးတက်ခြင်းဖြစ်​ကြောင်းလည်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ရာတွင် ၂၀၂၃ ဧပြီတလတည်းတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲ မက္ကထရစ်တန်ချိန် ၈၇၆၄၈ တင်ပို့ခဲ့သည်ဟုဆိုထားသည်။ စစ်ကောင်စီက ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၂၂ ဒဿမ ၆ သန်း တင်ပို့ခဲ့ပြီး ‌ဒေါ်လာ သန်း ၈၅၆ ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဆန်တန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် စစ်ကောင်စီက စီစဉ်ထားသည်။

လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်ပတင်ပို့ရသမျှပို့ကုန်အများစုကို ယခင်ထက် ပို၍တင်ပို့ပြီး​ဒေါ်လာရှာရန်ကြိုးစား​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။ပို့ကုန်မှရ​သော​ဒေါ်လာအများစုကိုလည်း စစ်​ကောင်စီက ​ဈေးနှိမ့်ဖွင့်ထား​သော​ငွေလဲနှုန်းဖြင့် မလဲမ​နေရ လဲလှယ်ရန် စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖိအား​ပေး​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းတာကို ဒီနေ့မတ်လ ၁၇ရက်ကစပြီး ရပ်နားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ အခြေခံစားသောက်ကုန်စည် စီးဆင်းမှုကို စစ်ကောင်စီက ပို၍ တင်းကြပ်လာကြောင်းကုန်သည်နှင့်လုပ်ငန်းရှင်အချို့က လူထုနွေဦးသို့ပြောသည်။

နိုင်ငံတကာ

ထိုင်းရဲ့ ပြည်ပတင်ပို့တဲ့ ဆန်စျေးဟာ ၂ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ထိ ကျဆင်းလာတာကြောင့် ထိုင်းဆန်ကုန်သည်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

သတင်း

စစ်ကောင်စီက ပြီးခဲ့သည့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၈၅၀ခန့်ရရှိခဲ့သည်။