Connect with us

Hi, what are you looking for?

သတင်း

ဆန်​ဈေးများဆက်တိုက်တက်​၊ ရွှေဘိုဆန်တစ်အိတ်ကျပ်တစ်သိန်းအထိစံချိန်တင်တက်

“စစ်ကိုင်းဘက်မှ စစ်ပွဲတွေဖြစ်နေလို့ ရွှေဘိုဆန်ဈေးတက်သလို့ ဧရာဝတီတိုင်းဘက်ကထွက်တဲ့ ဆန်တွေလည်း အကုန်တက်နေတယ်”ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဆန်​ဈေးများဆက်တိုက်တက်​၊ ရွှေဘိုဆန်တစ်အိတ် ကျပ်တစ်သိန်းအထိစံချိန်တင်တက်
ဆန်​ဈေးများဆက်တိုက်တက်​၊ ရွှေဘိုဆန်တစ်အိတ် ကျပ်တစ်သိန်းအထိစံချိန်တင်တက်

●​ဒေါ်လာရရန်အတွက် ဆန်ကိုပြည်ပဆက်ပို့​နေပါကမကြာခင်ပြည်တွင်းဆန်ပြတ်လပ်နိုင်ဟုလုပ်ငန်းရှင်တစ်ဦး​ပြော

ဆန်​ဈေးများဆက်တိုက်တက်​နေပြီး ရန်ကုန်မြို့တွင်ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်တစ်သိန်းအထိစံချိန်တင်​ဈေးတက်လာသည်ဟု ပြည်တွင်းဆန်​ဈေးကွက်မှသိရသည်။

ဆန်ဈေးကွက်တွင် ဈေးအကြီးဆုံးဖြစ်သည့် ရွှေဘို​ပေါ်ဆန်း​မွှေး သည် ဩဂုတ် ၄ ရက်တွင် ၂၄ ပြည်ပါတစ်အိတ်လျှင်အိမ်အ​ရောက်​ဈေး ကျပ်တစ်သိန်းအထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင်က ​ရွှေဘို​ပေါ်ဆန်း​မွှေးတစ်အိတ်လျှင်​ ဈေးအမြင့်ဆုံး ကျပ်(၆၀၀၀၀)ဝန်းကျင်သာ ပေါက်ဈေးခဲ့ခြင်းဖြစ်သည်။ ရွှေဘိုဆန်မြင့်တက်လာခြင်းနှင့်အတူခြား ဆန်ဈေးများလည်း မြင့်တက်လာသည်ဟု ပြည်တွင်း ဆန်ရောင်းဝယ်သူများကပြောသည်။

“စစ်ကိုင်းဘက်မှ စစ်ပွဲတွေဖြစ်နေလို့ ရွှေဘိုဆန်ဈေးတက်သလို့ ဧရာဝတီတိုင်းဘက်ကထွက်တဲ့ ဆန်တွေလည်း အကုန်တက်နေတယ်”ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ယနေ့တွင်ဧည့်မထဆန်တအိမ်လျှင် ၃၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးတအိတ်လျှင်၆၀၀၀၀ ကျပ်အထိမြင့်တက်လာသည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀ ဩဂုတ်လက ဧည့်မထတအိမ်ကို ကျပ် ၂၅၀၀၀နှင့် ပေါ်ဆန်းမွှေးတအိမ်ကို ၃၇၀၀၀ခန့်သာရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့​မှ ယနေ့ ဆန်ဝယ်ခဲ့သည့်ပြည်သူတစ်ဦးက တစ်ပြည်လျှင် အနည်းကျပ် ၅၀၀ခန့်မြင့်တက်လာသည်ဟု​ပြောသည်။

လက်ရှိဆန်ဈေးနှုန်းများမြင့်တက်လာခြင်းမှာ စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး စပါးမစိုက်နိုင်ခြင်းနှင့် စစ်ကောင်စီက နိုင်ငံခြားငွေရရန် ဆန်ကို ပုံမှန်ထက်ပို၍ ပြည်ပသို့တင်ပို့နေခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“တချို့နေရာတွေ့မှာ ဘက်မှာဆိုရင် ဆန်ကို စစ်တပ်ကလူတွေပဲရောင်းရမယ်ဆိုပြီး ခြိမ်းခြောက်ဝယ်နေတာတွေရှိတယ်။ ဆန်ကိုအခုလိုပြည်ပပို့နေရင်မကြာခင်အငတ်ဘေးအတွက်ပြင်ဆင်ထားကြဖို့ သတိပေးချင်တယ်”ဟု ၎င်းကဆက်​ပြောသည်။

ဆန်ဈေးများမြင့်တက်လာခြင်းကြောင့်စစ်ကောင်စီလက်အောက်ခံ ဆန်းစပါးအသင်းချုပ်က ရန်ကုန်မြို့လမ်းမတော်မြို့နယ်တွင် သက်သာသည့်ဈေးနှုန်းများဆန်များရောင်းချမည်ဟု ယမန့်နေ့ကကြေငြာခဲ့သည်။ရောင်းချမည့် နှုန်းများတွင် ဧရာဝတီပေါ်ဆန်းတအိတ်ကို ကျပ် ၅သောင်းခွဲ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၇၀၀၀ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် တအိတ်သာရောင်းမည်ဟုဆိုသည်။ထိုဈေးနှုန်းဖြင့်ရောင်းချသော်လည်း အခြားမြို့နယ်များမှ ဝယ်ယူလို့သူများဆိုပါက သယ်ယူစရိတ်ကြောင့် ဆန်ဈေးမှာ ကျပ်တစ်သောင်းမှာ နှစ် သောင်းအထိ သယ်​ဆောင်စာရိတ်ထပ်မံကုန်ကျမည်ဖြစ်သည်။ဆန်အသင်းကထိုသို့​ရောင်းချ​သော်လည်းအကတ့်အသတ်ဖြင့်သာ​ရောင်းချခြင်းဖြစ်၍ဆန်ဈေးနှုန်း အပေါ်သက်ရောက်မူရှိမည်မဟုတ်ဟု အခြားဆန်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းတာကို ဒီနေ့မတ်လ ၁၇ရက်ကစပြီး ရပ်နားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။