Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ရပ် တည်ဆောက်မည်ဟု စစ်ကိုင်းဖိုရမ် ကြေညာ

စစ်ကိုင်းဖိုရမ်သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ သက်ဆိုင်ရာ ပြည်နယ်အတိုင်ပင်ခံကောင်စီများကသဝဏ်လွှာပေးပို့ခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း ချီတက်ဆန္ဒပြနေသော ဇေယျာတိုင်း​၏၅/လူထုသပိတ်စစ်ကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ- ဇေယျာတိုင်းရဲ့ ၅/သပိတ်)

▪️ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ရည်မှန်းကြောင်း ဖော်ပြ

စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးတွင်ပါဝင်နေကြသည့် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများအကြား အားလုံးပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်ချက်ချနိုင်သည့် တိုင်းအတိုင်ပင်ခံ ကောင်စီ (သို့မဟုတ်) အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးအပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းကြောင်း ပထမအကြိမ် စစ်ကိုင်းဖိုရမ်က ယနေ့ထုတ်ပြန်သည်။

စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ရက်နှင့် ၃၁ရက်တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းရှိ မြို့နယ် (၂၈)မြို့နယ်တွင်အခြေစိုက်သည့် တော်လှန်အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာတက်ရောက်သူ ၃၁ဦး တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း၊ မိတ်ဖက်အဖွဲ့ ၂၇ဖွဲ့မှ သဝဏ်လွှာများကို ရရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖိုရမ်တွင် နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍများ ဆွေးနွေးခဲ့ရာ စစ်ကိုင်းတိုင်း၏ အနာဂတ်ရေးရာများနှင့်ပတ်သက်၍ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေသပိတ်ကဏ္ဍ၊ CDM၊ သယံဇာတ၊စစ်ရှောင်ကူကယ်ရေး စသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပြီး သဘောထားစုစည်းချက်များ ရရှိခဲ့သည်ဟု ဆိုသည်။

တိုင်းအဆင့် အရေးတကြီးလိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် (က) တိုင်းအဆင့်အသွင်ကူးပြောင်းရေးကာလ အစီအမံများပေါ်ပေါက်ရေး၊(ခ)တိုင်းအဆင့် ကိုယ်ပိုင်ပြဌာန်းခွင့် မူဝါဒများရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနှင့်စစ်ရေးအဖွဲ့များအကြား အပြန်အလှန် ထိန်းကျောင်းနိုင်ရေး(ဃ)ဒေသတွင်းကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေး တို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လုပ်ဆောင်သွားရန် သဘောထား ပေးဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖိုရမ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အသေးစိတ်အချက်အလက်များကို တက်ရောက်ကြသည့် ဒေသအသီးသီးမှ ခေါင်းဆောင်များ အစုအဖွဲ့များကိုသာ ပေးပို့သွားမည်ဟုလည်း အသိပေးခဲ့သည်။

စစ်ကိုင်းဖိုရမ်သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ သက်ဆိုင်ရာ ပြည်နယ်အတိုင်ပင်ခံကောင်စီများကသဝဏ်လွှာပေးပို့ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ပြဌာန်းချက် များ လက်တွေ့အကောင်အထည်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်နေကြသည့် စစ်ကိုင်းဖိုရမ်နှင့်ရှေ့ဆောင်စီစဉ်သူများ အပေါ် ကျေးဇူးတင်ကြောင်း NUCCက သဝဏ်လွှာပေးပို့ခဲ့ပြီး ဖိုရမ်မှတဆင့် စစ်ကိုင်းဒေသ ပြည်သူများ၏ နိုင်ငံရေးသဘောထားဆန္ဒများနှင့် စုဖွဲ့လှုပ်ရှားမှုများကို စောင့်မျှော်နေမည်ဖြစ်ကြောင်း၊ လိုအပ်ပါက စစ်ကိုင်းဖိုရမ်မှ ထွက်ပေါ်လာမည့် ရလဒ်များကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါပြဌာန်းချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

NUG၏ သဝဏ်လွှာတွင်လည်း ဖိုရမ်သည် တိုင်းအတွင်း တော်လှန်ရေးအင်အားစုများ စုစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးကို ဖော်ဆောင်နိုင်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးဟူသည့် တော်လှန်ရေးလုပ်ငန်းစဉ်တို့အတွက် စစ်ကိုင်းတိုင်း၏ အင်အားကို ပိုမိုညီညွတ်အားကောင်စေနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် NUCC၊NUG တို့၏ မူဝါဒ မဟာဗျူဟာ နှင့်လုပ်ငန်းအကောင်အထည်ဖော်မှုများကို ထပ်လောင်းအားဖြည့်လျက် တော်လှန်ရေးအောင်မြင်ရေးအတွက် အရေးကြီးသော အထောက်အပံ့ကောင်းဖြစ်ပါစေကြောင်းနှင့် ဆွေးနွေးပွဲသည်လည်း ပြင်ပ ပယောဂမပါဘဲ ဒေသအခြေအနေနှင့် ကိုက်ညီသောရလဒ်များကို ဆွေးနွေးအဖြေရှာနိုင်ပါစေ ဟု NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။