Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းအခွန်ရုံးပေါက်ကွဲမှု ဒုဦးစီးမှူးအပါအ၀င် ၆ ဦးခန့် ထိခိုက်ဒဏ်ရာရဟုဆို

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ ရုံးအတွင်းသို့ ဝင်ရောက်မည့်သူများကို အဝင်မခံခဲ့သလို ရုံးအတွင်းရှိ လူများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

(၂၀၂၁ ဒီဇင်ဘာ ၂၉ရက်က ပေါက်ကွဲမှုဖြစ်ပွားဖြစ်စဥ်၌ ပန်းဆိုးတန်းလမ်း အခွန်ဦးစီးမှူးရုံးရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(၂၀၂၁ ဒီဇင်ဘာ ၂၉ရက်က ပေါက်ကွဲမှုဖြစ်ပွားဖြစ်စဥ်၌ ပန်းဆိုးတန်းလမ်း အခွန်ဦးစီးမှူးရုံးရှေ့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်ရှိ အခွန်ဦးစီးမှူးရုံးတွင် ယနေ့ (ဇွန်လ ၅) နေ့လယ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဒုဦးစီးမှူးအပါအ၀င် ၆ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့နယ်နေ ပြည်သူများက ပြောသည်။

ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပန်းဆိုးတန်းလမ်းပေါ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃)လွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူးအပါအ၀င် အမျိုးသမီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူများက ပြောသည်။

” ၁၂ နာရီလောက်က ဗုံးပေါက်သံတစ်ချက် အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ပြီးမှ အခွန်ရုံး အပေါ်ထပ်မှာ ဗုံးပေါက်မှန်း သိရတာပါ။ အဲ့ရုံးက အသိတစ်ယောက်ပြောတာတော့ ဒုဦးစီးမှူး အမျိုးသမီး ထိတယ်။ နောက်ထပ် ရုံးဝန်ထမ်း ၅ ယောက်လောက် ဗုံးစမှန်တယ်လို့ သိရပါတယ်။ ဆေးရုံကားတွေလဲ တောက်လျှောက်သွားနေတာ တွေ့ရတယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲမှုက ရုံးအတွင်းထဲ ၃ လွှာမှာဖြစ်ခဲ့တာပါ” ဟု ​ဗိုလ်တ​ထောင်မြို့နယ်တွင် မြို့ပြ ပြောက်ကျားသတင်းများကို ​ဖော်ပြBotahtaung Scout Channel မှ တာဝန်ရှိသူကပြောသည်။

” ၁၂ နာရီ ၁၅ လောက်စပြီး စခ၊ ရခကားတွေ ဖြစ်စဉ်ဖြစ်ပွါးရာကို စရောက်လာပြီး ပန်းဆိုးတန်းပေါ် ဗန္ဓုလထိပ်ကိုတော့ ဘဲဥတွေလောက်ကပဲ လမ်းပိတ်ခဲ့ပြီး ကုန်သည်ထိပ်ကနေ ကမ်းနားထိပ်ကိုတော့ စခ SC ၊DC ၊ရခ DC၊ ဆလွန်း ပေါင်း ကား ၆ ၊၇ စီးလောက်ကလမ်းတစ်လျှောက် ပိတ်ဆို့မှုတွေရှိခဲ့ပါတယ်” ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ ရုံးအတွင်းသို့ ဝင်ရောက်မည့်သူများကို အဝင်မခံခဲ့သလို ရုံးအတွင်းရှိ လူများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

မွန်းလွှဲ ၃ နာရီအချိန်ခန့်အထိအခွန်ရုံးအဝင်အထွက်ကိုပိတ်ထားပြီး ယင်းနေရာအနီးအနားရှိ စီစီတီဗီများကို စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ အခွန်ဦးစီးမှူးရုံးရှိရာ ပန်းဆိုးတန်းလမ်းတစ်လျှောက် မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ စစ်ကား သုံးစီး၊ ရဲကား တစ်စီးတို့ဖြင့် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက​ပြောသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

၂၀၂၁ ဒီဇင်ဘာ ၂၉ရက်ကလည်း အဆိုပါရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook