Connect with us

Hi, what are you looking for?

သတင်း

မလှိုင်နယ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်က ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်းပြုလုပ်နေပြီး ရပ်ရွာအုပ်ချုပ်သူများကလည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်ထားသူ ပျူစောထီးများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

(စစ်ကောင်စီတပ်သားများ တပ်စွဲရာနေရာအား ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်သားများ တပ်စွဲရာနေရာအား ဗုံးချတိုက်ခိုက်နေစဉ်)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ပြည်သူများအား ဖမ်းဆီးစစ်ဆေးခြိမ်းခြောက်နေသည့် စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ဇွန်လ ၅ ရက် နေ့လယ် ၁နာရီခန့်က မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အဆောင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ငါးဦးသေဆုံးကြောင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ထိုနေ့ ညနေ ၄နာရီခန့်ကလည်း နွားထိုးကြီး-မလှိုင်လမ်းမ ဆူးရစ်ကုန်းကျေးရွာ၏ တောင်ဘက် စစ်ဆေးရေးဂိတ်၌ စစ်ဆေးနေသော စစ်သား ရှစ်ဦးအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း Natogyi People Defence Force အဖွဲ့က ဆိုသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်က ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်းပြုလုပ်နေပြီး ရပ်ရွာအုပ်ချုပ်သူများကလည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်ထားသူ ပျူစောထီးများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“နွားစျေးနေ့တွေမှာဆိုလည်း ပိုက်ဆံတောင်းတာတွေ၊ မလှိုင်နယ်ထဲက တခြားရွာတွေ ဖမ်းဆီးပြီး ပြန်လွှတ်ပေးမယ် သိန်းတစ်ရာပေး၊ နှစ်ရာပေး ငွေညှစ်တာတွေ ရှိတယ်။ အဲဒီလိုလုပ်နေတာကြာပြီ။ သရက်ကောင်းပင်ကို တိုက်ခိုက်တာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ ဂိတ်ကိုတိုက်ခိုက်တာတော့ ပထမဆုံးအကြိမ်ပါ။”ဟု Natogyi People Defence Force အဖွဲ့၏ တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းနှင့် Myingyan District Drone Strike Team အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇွန်လ ၂ ရက် ညနေပိုင်းကလည်း NPDFအဖွဲ့သည် တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ၂နာရီခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။