Connect with us

Hi, what are you looking for?

သတင်း

BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်သည်မှာ ၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ကာ ယင်းကာလအတွင်း ၎င်းတို့၏ရဲဘော် စုစုပေါင်း၇ ဦး ကျဆုံးခဲ့ရပြီးဖြစ်သည်။

BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး
BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး

ဂျာမုန်း/People Spring

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ကြောင်းသိရသည်။

“ရန်သူ့စခန်းကိုတက်သိမ်းတဲ့အချိန်မှာ ဦးခေါင်းကို ကျည်သင့်ပြီး ကျဆုံးသွားတာဖြစ်ပါတယ်” ဟု BPLA ၏ ကွပ်ကဲရေးမှူး မောင်ဆောင်းခ က ပြောသည်။

ပြီခဲ့သည့် ဇွန်လ ၅ ရက် ညပိုင်းတွင် ကရင်ပြည်နယ် KNU ထိန်းချုပ်ရာ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF တို့၏တပ်စခန်းတစ်ခုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်စဉ် ရဲဘော် မင်းချစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းသိမ်းတိုက်ပွဲရလဒ်ကိုမူ လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး
BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး

“ရှေ့တန်းမှာ လိုင်းရတဲ့နေရာကို တောင်တက်ပြီး ၃ နာရီလောက်သွားရတဲ့အတွက် ကျွန်တော့်ဆီကို ရီပို့လေးတစ်စောင်နဲ့ ဓာတ်ပုံတချို့ပဲ ရောက်လာတယ်။ တိုက်ပွဲရလာဒ်အသေးစိတ်ကိုတော့ ပြန်မေးထားတုန်းပါပဲ” ဟု BPLA ၏ ကွပ်ကဲရေးမှူး က ပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၂၄ နှစ်အရွယ် ရဲဘော် မင်းချစ်ဦး (ကိုယ်ပိုင်အမှတ် BA – 00047) မှာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ ကတည်းက တပ်ဖွဲ့ဝင်ဖြစ်ကာ သင်တန်းနည်းပြဆရာတစ်ဦးလည်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လွန်ခဲ့သည့် မေလတွင်မှ NCO အကြပ်သင်တန်းပြီးဆုံးချိန် စံပြရဲဘော်ဆု ရရှိခဲ့သူဖြစ်ပြီး ယင်းနောက် ရှေ့တန်းသို့တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။

BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး
BPLA စံပြဆုရရဲဘော် ရှေ့တန်းတွင် ကျဆုံး

တော်လှန်ရေးအတွက် ၎င်း၏ ကြိုးစားအားထုတ်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနှင့် ကျရာတာဝန်ကို မငြီးမငြူဘဲ ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှုတို့ကြောင့် တပ်မှူးအချင်းချင်းကပင် လေးစားအသိအမှတ်ပြုရသူတစ်ဦးဖြစ်ကြောင်း BPLA မှ ထုတ်ပြန်ထားသည်။

၎င်းကျဆုံးမှုအတွက် တပ်တော်မှ အဖိုးမဖြတ်နိုင်သောဆုံးရှုံးမှုကြီးတစ်ခုအဖြစ်မှတ်ယူကာ မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲကြောင်း ပြောကြားထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်သည်မှာ ၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ကာ ယင်းကာလအတွင်း ၎င်းတို့၏ရဲဘော် စုစုပေါင်း၇ ဦး ကျဆုံးခဲ့ရပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။