Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့မရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

စစ်ဆေးရေးဂိတ်အနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား လေးဦး သေဆုံးကြောင်း FRF အဖွဲ့က ဆိုသည်။

ဒီပဲယင်းမြို့မရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
ဒီပဲယင်းမြို့မရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကြောင်း Freedom Revolution Force (FRF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၆ ရက် နေ့လည်၁၂ နာရီခန့်က ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် မြို့မရပ်ရှိ ရဲစခန်းတို့အား မဟာမိတ်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force(FRF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆေးရေးဂိတ်အနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား လေးဦး သေဆုံးကြောင်း FRF အဖွဲ့က ဆိုသည်။

“ ပင်မစခန်းကြီးကို (၄၀)မမ လက်နက်ကြီးထောက်ပေးထားတယ်။ စစ်ဆေးရေးဂိတ်ကို​ကျ မြို့ပြပြောက်ကျားအနေနဲ့ ဝင်တိုက်တာ။ နာရီဝက်လောက်တော့ရှိတယ်။ ၁၀ မီတာ ၁၅ မီတာလောက်အတွင်း ပစ်တာ” ဟု FRF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဆိုင်ကယ်နှင့် စက်ဘီးများဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကိုပါ ထပ်မံတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း FRF အဖွဲ့က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Freedom Revolution Force (FRF)နှင့် ရွှေဘိုခရိုင်တပ်ရင်း(၂၄) ၊ဝေဟင်စွန်ရဲ၊Galaxy Force(ဒီပဲယင်းပကဖ)၊ ရေကျော်ဖိုက်တာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ခိုက်ခံရပြီးနောက် ဒီပဲယင်းမြို့စခန်းမှ စစ်ကောင်စီတပ်သည် ညပိုင်းတွင် ချမ်းသာကြီးဘုရားဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျရွာကို စစ်တပ်က မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။