Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းအား တိုက်ခိုက်

တိုက်ပွဲအသာစီးရခဲ့သော်လည်း စက်မှု(၂)မှ ယာဥ်နှစ်စီးဖြင့် စစ်ကူရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးသူများအား မြိုင်ဆေးရုံသို့ တင်ဆောင်သွားကြောင်း စက်ြာဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းအား တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(စစ်ကောင်စီ ရိက္ခာသည်ယာဥ်တန်းအား တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ တစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၇ ရက်က ပခုက္ကူမြို့ တပ်မ(၁၀၁)မှ စက်မှု (၂)သို့ ရိက္ခာပို့ဆောင်လာသော မော်တော်ယာဉ် ခုနစ်စီးပါ ရိက္ခာပို့စစ်ကြောင်းအား နံနက် ၈နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ ရိက္ခာယာဉ်တစ်စီး ပျက်စီးပြီး ယာဉ်ပေါ်ပါ စစ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

နေ့လယ် ၂နာရီခန့်ကလည်း အဆိုပါ ရိက္ခာယာဉ်တန်းအား ကင်းပုန်း၀တ်စောင့်​ပေးနေသော စက်မှု(၂)မှ အင်အား ၂၀ခန့်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် နှစ်ဦး‌ သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တိုက်ပွဲအသာစီးရခဲ့သော်လည်း စက်မှု(၂)မှ ယာဥ်နှစ်စီးဖြင့် စစ်ကူရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးသူများအား မြိုင်ဆေးရုံသို့ တင်ဆောင်သွားကြောင်း စက်ြာဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“ပစ်ခက်မှုမှာ ကျွန်တော်တို့က အရင်၀ပ်ပြီးစောင့်နေတာပါ။ သူတို့ကရိက္ခာကားတွေအတွက် ကင်းဝပ်ထွက်လာတာပါ။ မိုင်းအရင်ဆွဲပြီး ဝိုင်းပစ်တာပါ။ မိုင်းဆွဲတာ တစ်ယောက်အရင်ထိတာပါ။ထိတွေမူဖြစ်တဲ့အဖွဲ့ကို ကျွန်တော်တို့က အသာစီးရပေမယ့် စက်မူအကူ နှစ်စီးထွက်လာတယ်။ သတင်းပေးလို့ ဆုတ်လာခဲ့တာပါ။ နှစ်ယောက်သေတာတော့ မျက်မြင်တွေ့ရတယ်။ ကျန်တာတော့ သတင်းပေးကနေ အတည်ပြုတာပါ။”ဟု စက်ြာဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် လက်နက်ကို ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

ထိခိုက်သည့်စစ်သားများအား ဆေးကုပေးနေသော မြိုင်ဆေးရုံကို စစ်ကောင်စီက ပြင်ပလူများ ဝင်ထွက်ခွင့်ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၏တပ်ခွဲ(၄)စကြာ် နှင့်အတူ တပ်ခွဲ(၁)၊တပ်ခွဲ(၂)ဂဠုန်၊မုန်တိုင်းတပ်ဖွဲ့၊MUGDF၊ဝံပုလွေ၊GOBA(ဗိုလ်မိုးကြိုးတပ်ဖွဲ့)၊TYK(ပြောက်ကြားတပ်ဖွဲ့)၊Anonvmous Special Task Force တပ်ဖွဲ့၊BADASSESS BURMA FORCE(ဗမာ့စောက်ကြမ်းကြီးတပ်ဖွဲ့)၊အပြုံးမပျက်တဲ့ဂတုံးတပ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် မြိုင် – ကမ္မလမ်းပိုင်းအား တိုက်ပွဲများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောကြောင့် လုံးဝအသုံးမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးမေတ္တာရပ်ခံကြောင်း၊ လိုက်နာချင်းမရှိဘဲ ဖြတ်သန်းသွားလာပါက တာ၀န်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။