Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်တပ်နှင့် PNOပြည်သူ့စစ်အင်အား၄၀၀​ကျော်ဖြင့်စစ်​ကြောင်းထိုးတပ်စွဲ၍ ပြည်သူများကိုဖမ်းဆီးထား

ဖမ်းဆီးခံထားရသည့်လူငယ်များကိုလူသားဒိုင်းအဖြစ်စစ်ကောင်စီ၏ အသုံးချနိုင်သည့်အပြင် ဘုန်ကြီး ကျောင်းတွင်ရှိ စစ်ဘေးရှောင်လူကြီး နှင့် အမျိုးသမီးများ၏ထိခိုက်နိုင်မှုကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲ ရှိနေသည်ဟုလည်း MBPDF တပ်ရင်း( ၂)မှတာဝန်ရှိသူက​​ပြောသည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့တွင်းသို့စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် စစ်​ကြောင်းထိုးတပ်စွဲထားပြီးအရပ်သားများကိုဖမ်းဆီးထားကြောင်းမိုးဗြဲ PDFတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲ မြို့ပေါ်သို့ စစ်ကောင်စီတပ်က အမြောက်များဖြင့်လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၁၀၀ထက်မနည်း ပြုလုပ်ခဲ့သည်။ထိုအပြင်ဇွန် ၅ ရက်နေ့ မှစ၍ မိုးဗြဲမြို့ စည်ကား( ၂ )ရပ်ကွက်ဘုန်းကြီး ကျောင်းအတွင်းသို့ စစ်ကောင်စီက ဝင်ရောက်တပ်ထားခြင်းဖြစ်သည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

“လက်နက်ကြီးတွေနဲ့ပစ်တော့မြို့ပေါ် ကပြည်သူတွေကနီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာခိုလှုံကြရတာ။အဲဒီအချိန် စည်းကား( ၂ )ရပ်ကွက်ထဲကို စကစ ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးလာတော့ ပြည်သူ တွေ ပိတ်မိသွားတယ်။ အခု ဆို လူငယ် ၁၅ ဦးကို ဖမ်း ဆီးထားတယ်။အခုထိလည်း စကစ နဲ့ PNO က စည်းကား ၂ ဘုန်ကြီးကျောင်းမှာတပ်စွဲထားတုန်း”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံထားရသည့်လူငယ်များကိုလူသားဒိုင်းအဖြစ်စစ်ကောင်စီ၏ အသုံးချနိုင်သည့်အပြင် ဘုန်ကြီး ကျောင်းတွင်ရှိ စစ်ဘေးရှောင်လူကြီး နှင့် အမျိုးသမီးများ၏ထိခိုက်နိုင်မှုကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲ ရှိနေသည်ဟုလည်း MBPDF တပ်ရင်း( ၂)မှတာဝန်ရှိသူက​​ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းထားတဲ့ အရပ်သားလူငယ် ၁၅ ဦးလောက်ရှိတယ်။နောက်တစ်ခု က ဘုန်ကြီးကျောင်းထဲမှာ စစ် ဘေးရှောင်နေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီး တွေကို အပြင်ပေးမထွက်ဘူး။အဲဒီလို ဖြစ်နေတော့ ကျွန်တော်တို့ဘက်ကို အခက်တွေ့အောင် လုပ်ထားတာ”ဟု ၎င်းက ပြောသည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

ကရင်နီပြည်အနှံထိုးစစ်ဆင်မှုပြုလုပ်ရာတွင်လိုအပ်သော တပ်သားများ၊ လက်နက်ရိက္ခာများဖြည့်တင်းနိုင်ရန်အတွက် စစ်​ကောင်စီတပ်က မိုးဗြဲလမ်းကြောင်းကိုအပြည့်အဝထိန်းချုပ်နိုင်ရေးကြိုးပမ်း​နေခြင်းဖြစ်သည်။

“တိုက်ပွဲအခြေအနေကအချိန်မရွေးထဖြစ်နိုင်တယ်”ဟု လက်ရှိမိုးဗြဲ မြို့စစ်ရေးအခြေအနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် မေလ၂၃ရက်ကစ၍ ဇွန်လ (၄) ရက်အထိ မိုးဗြဲမြို့နှင့် ရီလုံရီကန်ကျေးရွာ အုပ်စုတွင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မေလ ၅ ရက်နေ့ တစ်နေကုန်နီးပါးကြာမြင့်ခဲ့သော မိုးဗြဲမြို့ တိုက်ပွဲ၌စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်တစ်လက်ကို ကရင်နီတပ်ပေါင်းစု က သိမ်းဆည်းရရှိခဲ့သည်။

မိုးဗြဲမြို့ပေါ်တွင်လည်းစစ်ကောင်စီအမြောက်တပ်ကရပ်ကွက်များအပေါ် သို့ လက်နက်ကြီးပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပြုလုပ်ခဲ့ပြီး ၄င်းလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၆)ဦး သေဆုံးခဲ့သည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

၄င်းတို့ ၆ ဦးထဲတွင် (၃)နှစ်(၅)လအရွယ်နှင့် (၁၂)နှစ်အရွယ် ကလေး(၂)ဦး ပါဝင်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း (၁၅)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင်မိုးဗြဲမြို့တွင်းနေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာနေထိုင်ကြရန် KNDF က တိုက်တွန်းထားသည်။

ထို့အတူ တိုက်ပွဲတွင်းလိုအပ်သော လက်နက်ခဲယမ်းများကို ပါဝင်ကူညီလိုပါက သက်ဆိုင်ရာထောက်ပို့ဆီမှသော်လည်းကောင်း ၎င်း၏ Page chatbox မှသော် လည်းကောင်း ဆက်သွယ်ပါဝင်နိုင်ကြောင်း KNDF တပ်ရင်း ၃ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။