Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်တပ်နှင့် PNOပြည်သူ့စစ်အင်အား၄၀၀​ကျော်ဖြင့်စစ်​ကြောင်းထိုးတပ်စွဲ၍ ပြည်သူများကိုဖမ်းဆီးထား

ဖမ်းဆီးခံထားရသည့်လူငယ်များကိုလူသားဒိုင်းအဖြစ်စစ်ကောင်စီ၏ အသုံးချနိုင်သည့်အပြင် ဘုန်ကြီး ကျောင်းတွင်ရှိ စစ်ဘေးရှောင်လူကြီး နှင့် အမျိုးသမီးများ၏ထိခိုက်နိုင်မှုကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲ ရှိနေသည်ဟုလည်း MBPDF တပ်ရင်း( ၂)မှတာဝန်ရှိသူက​​ပြောသည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့တွင်းသို့စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် စစ်​ကြောင်းထိုးတပ်စွဲထားပြီးအရပ်သားများကိုဖမ်းဆီးထားကြောင်းမိုးဗြဲ PDFတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဇွန်လဆန်းပိုင်းကစ၍မိုးဗြဲ မြို့ပေါ်သို့ စစ်ကောင်စီတပ်က အမြောက်များဖြင့်လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၁၀၀ထက်မနည်း ပြုလုပ်ခဲ့သည်။ထိုအပြင်ဇွန် ၅ ရက်နေ့ မှစ၍ မိုးဗြဲမြို့ စည်ကား( ၂ )ရပ်ကွက်ဘုန်းကြီး ကျောင်းအတွင်းသို့ စစ်ကောင်စီက ဝင်ရောက်တပ်ထားခြင်းဖြစ်သည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

“လက်နက်ကြီးတွေနဲ့ပစ်တော့မြို့ပေါ် ကပြည်သူတွေကနီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာခိုလှုံကြရတာ။အဲဒီအချိန် စည်းကား( ၂ )ရပ်ကွက်ထဲကို စကစ ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးလာတော့ ပြည်သူ တွေ ပိတ်မိသွားတယ်။ အခု ဆို လူငယ် ၁၅ ဦးကို ဖမ်း ဆီးထားတယ်။အခုထိလည်း စကစ နဲ့ PNO က စည်းကား ၂ ဘုန်ကြီးကျောင်းမှာတပ်စွဲထားတုန်း”ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံထားရသည့်လူငယ်များကိုလူသားဒိုင်းအဖြစ်စစ်ကောင်စီ၏ အသုံးချနိုင်သည့်အပြင် ဘုန်ကြီး ကျောင်းတွင်ရှိ စစ်ဘေးရှောင်လူကြီး နှင့် အမျိုးသမီးများ၏ထိခိုက်နိုင်မှုကြောင့် တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲ ရှိနေသည်ဟုလည်း MBPDF တပ်ရင်း( ၂)မှတာဝန်ရှိသူက​​ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းထားတဲ့ အရပ်သားလူငယ် ၁၅ ဦးလောက်ရှိတယ်။နောက်တစ်ခု က ဘုန်ကြီးကျောင်းထဲမှာ စစ် ဘေးရှောင်နေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီး တွေကို အပြင်ပေးမထွက်ဘူး။အဲဒီလို ဖြစ်နေတော့ ကျွန်တော်တို့ဘက်ကို အခက်တွေ့အောင် လုပ်ထားတာ”ဟု ၎င်းက ပြောသည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

ကရင်နီပြည်အနှံထိုးစစ်ဆင်မှုပြုလုပ်ရာတွင်လိုအပ်သော တပ်သားများ၊ လက်နက်ရိက္ခာများဖြည့်တင်းနိုင်ရန်အတွက် စစ်​ကောင်စီတပ်က မိုးဗြဲလမ်းကြောင်းကိုအပြည့်အဝထိန်းချုပ်နိုင်ရေးကြိုးပမ်း​နေခြင်းဖြစ်သည်။

“တိုက်ပွဲအခြေအနေကအချိန်မရွေးထဖြစ်နိုင်တယ်”ဟု လက်ရှိမိုးဗြဲ မြို့စစ်ရေးအခြေအနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် မေလ၂၃ရက်ကစ၍ ဇွန်လ (၄) ရက်အထိ မိုးဗြဲမြို့နှင့် ရီလုံရီကန်ကျေးရွာ အုပ်စုတွင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မေလ ၅ ရက်နေ့ တစ်နေကုန်နီးပါးကြာမြင့်ခဲ့သော မိုးဗြဲမြို့ တိုက်ပွဲ၌စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်တစ်လက်ကို ကရင်နီတပ်ပေါင်းစု က သိမ်းဆည်းရရှိခဲ့သည်။

မိုးဗြဲမြို့ပေါ်တွင်လည်းစစ်ကောင်စီအမြောက်တပ်ကရပ်ကွက်များအပေါ် သို့ လက်နက်ကြီးပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပြုလုပ်ခဲ့ပြီး ၄င်းလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၆)ဦး သေဆုံးခဲ့သည်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

၄င်းတို့ ၆ ဦးထဲတွင် (၃)နှစ်(၅)လအရွယ်နှင့် (၁၂)နှစ်အရွယ် ကလေး(၂)ဦး ပါဝင်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း (၁၅)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင်မိုးဗြဲမြို့တွင်းနေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာနေထိုင်ကြရန် KNDF က တိုက်တွန်းထားသည်။

ထို့အတူ တိုက်ပွဲတွင်းလိုအပ်သော လက်နက်ခဲယမ်းများကို ပါဝင်ကူညီလိုပါက သက်ဆိုင်ရာထောက်ပို့ဆီမှသော်လည်းကောင်း ၎င်း၏ Page chatbox မှသော် လည်းကောင်း ဆက်သွယ်ပါဝင်နိုင်ကြောင်း KNDF တပ်ရင်း ၃ကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Facebook