Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်ရခိုင်ပြည်သူများအတွက်အကူအညီများ စစ်ကောင်စီပိတ်ပင်ခြင်းအအ​ပေါ် AA​ခေါင်း​​ဆောင်က ရခိုင်ပြည်သူများကို သည်းခံရန်၊စည်းလုံးရန်တိုက်တွန်း

စစ်ကောင်စီက ရခိုင်ဒေသ ကူညီကယ်ဆယ်ရေးအဖွဲ့များ ခရီးသွားလာခွင့် ဇွန် ၇ ရက်မှစ၍ ပိတ်ပင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဇွန်လ ၉ရက်တွင် ၎င်း၏ တွစ်တာမှတစ်ဆင့် အင်အားသုံးမ​ဖြေရှင်းရန် ၊သည်းခံရန်၊ စည်းလုံးရန်စာရေးသားခဲ့ခြင်းဖြစ်သည်။

(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)
(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)

▪︎စစ်​ကောင်စီ၏ ပိတ်ပင်မှု​ကြောင့် မုန်တိုင်းသင့်​ဒေသများသို့အကူအညီ​ပေးရန်အ​ခြေအ​နေဆိုးသွားပြီဟု UNOCHA ​ပြောကြား

ရခိုင်ဒေသ မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်မည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ အားလုံးကို ရခိုင်ပြည်နယ်အတွင်းသွားလာခွင့်နှင့် ကူညီခွင့် စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီး​နောက်ရက္ခိုင်တပ်​တော် (AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်မှတဆင့် သည်းခံကြရန်စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။

စစ်ကောင်စီက ရခိုင်ဒေသ ကူညီကယ်ဆယ်ရေးအဖွဲ့များ ခရီးသွားလာခွင့် ဇွန် ၇ ရက်မှစ၍ ပိတ်ပင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဇွန်လ ၉ရက်တွင် ၎င်း၏ တွစ်တာမှတစ်ဆင့် အင်အားသုံးမ​ဖြေရှင်းရန် ၊သည်းခံရန်၊ စည်းလုံးရန်စာရေးသားခဲ့ခြင်းဖြစ်သည်။

ရခိုင်ဘာသာဖြင့် ရေးသားထားသည့် AA ခေါင်းဆောင်၏ စာတွင် ဝှေးစေ့ကို ခြင်ကိုက်ခံရသည့် အခြေအနေ၌ အင်အားသုံးပါက ပိုဆိုးမည်ဟု ဖော်ပြထားသည်။

(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)
(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)

“သည်းခံစိတ်ရှည်ပြီးတော့ နည်းပရိယာယ် ကြွယ်၀စွာနဲ့ ခွန်အားတွေကို စုစည်းပြီးတော့ စည်းစည်းလုံးလုံး ဖြတ်ကျော်ကြမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားခဲ့သည်။

ယင်းသို့ ရေးသားချက်အပေါ် ရခိုင်သတင်းရင်းမြစ်တစ်ဦးက “အဓိကတော့ ဒီအချိန်မှာ တိုက်ပွဲ ဖြစ်လို့မရဘူး။ ခွန်အားနဲ့ တုံ့ပြန်တာထက် ဉာဏ်အားနဲ့ တုံ့ပြန်ရမယ်။ စည်းလုံးရမယ်လို့ ရခိုင်ပြည်သူတွေကို သတင်းစကားပါးတာပါ။ အဓိက စစ်ကောင်စီက ရခိုင်သို့ ကူညီကယ်ဆယ်ခွင့်တွေ ပိတ်လိုက်တာကို တုံ့ပြန်တာပါ” ဟု AA ခေါင်းဆောင်၏ ရေးသားချက်အပေါ် မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့်လက်ရှိ အခြေအနေတွင် ရက္ခိုင့်တပ်တော် (AA) က အင်အားသုံး တုံ့ပြန်မည့် အလားအလာမရှိဟု ရခိုင်သတင်းရင်းမြစ် အချို့က သုံးသပ်ကြသည်။

စစ်​ကောင်စီက ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ သွားလာခွင့်ပိတ်ပင်ခြင်းမှာ စစ်​ကောင်စီနှင့် AAအပါအဝင် ​မြောက်ပိုင်းသုံးဖွဲ့ ​ဆွေး​နွေးပွဲ ဇွန် ၂ ရက်တွင်ရပ်နားသွားပြီး ၅ ရက်အကြာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) က​တော့ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အကူအညီပေးနိုင်ရန် အခြေအနေဆိုးရွားသွားပြီဖြစ်​ကြောင်း​ပြောသည်။

ခရီးသွားလာခွင့်ပိတ်ပင်ခံရသဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်မြို့နယ်များထံသို့ အကူအညီပစ္စည်းများ ဖြန့်ဖြူးမည့်အစီအစဉ်များကိုလည်း ဆိုင်းငံ့ခံလိုက်ရပြီဖြစ်​ကြောင်း UNOCHA ကထုတ်ပြန်သည်။

စစ်တပ်သည် ၂၀၀၈ ခုနှစ်​မေလက မြန်မာ့သမိုင်းတစ်​လျှောက် ဖျက်အားအပြင်းထန်ဆုံး နာဂစ်ဆိုင်ကလုန်းမုန်တိုင်ဒဏ် ခံခဲ့ရစဥ်ကလည်း နိုင်ငံတကာမှ အကူအညီများကို ချက်ချင်းလက်မခံဘဲ အချိန်ဆွဲခဲ့သဖြင့် မုန်တိုင်းသင့်ပြည်သူများ အ​ရေး​ပေါ်အကူအညီလိုအပ်​နေချိန်တွင်မရဘဲ ဆုံးရှုံးမှုပိုမိုကြီးမားခဲ့​ကြောင်း နိုင်ငံတကာအကူအညီ​ပေးခဲ့​သောအဖွဲ့အစည်းများက​ပြောသည်။

(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)
(AA ​ခေါင်​ဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့် ​ဒေသအချို့ ။ဓါတ်ပုံ-AA၊ UNDP)

AA သည် စစ်တပ်အာဏာမသိမ်းမီက စစ်တပ်နှင့် ယာယီအပစ်ရပ်စဲခဲ့ပြီး ၂၀၂၂ နှစ်လယ်ပိုင်းတွင် စစ်ရေးတင်းမာမှုများဖြစ်ကာ တိုက်ပွဲများဖြစ်ခဲ့သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ထပ်မံ၍ ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာ၌ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်အောက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် စစ်ကောင်စီတပ်က စစ်ဘေးသင့် ပြည်သူများစွာရှိပြီး ပြည်နယ်ရှိ မြို့နယ် အများအပြား မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ရခိုင်ဒေသတွင် လုံခြုံရေးအကြောင်းပြ တင်းကြပ်မှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသအများအပြား၌ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ရာ ပြန်လည်ထူထောင်ရေး အတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။ လတ်တလော အမိုးအကာအောက်မရောက်နိုင်သေးသူအများအပြား ရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရချိန် စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်သည် များစွာ ဆိုရွားလွန်းပြီး မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားထားသည်။