Connect with us

Hi, what are you looking for?

သတင်း

အရှေ့ဘုန်းကန်ရွာရှိ စစ်စခန်းစီးနင်းစဥ် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

နံနက်(၆)နာရီဝန်းကျင်အထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ အသက်၂၃နှစ်အရွယ် ရဲဘော်တစ်ဦးလည်း ဝမ်းဗိုက်ကိုကျည်မှန်ကာ ကျဆုံးခဲ့ရကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲရာ အရှေ့ဘုန်းကန်ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိပြီး​တော်လှန်​​ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့( ဇွန်လ ၁၁ ရက်နေ့) နံနက် ၃ နာရီခန့်ကပခုက္ကူမြို့နယ်ရှိ အရှေ့ဘုန်းကန်ကျေးရွာသို့ ချည်းကပ်ကာ ထိုရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား နံနက် ၅ နာရီခန့်တွင် စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့က အသိ​ပေးသည်။

နံနက်(၆)နာရီဝန်းကျင်အထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ အသက်၂၃နှစ်အရွယ် ရဲဘော်တစ်ဦးလည်း ဝမ်းဗိုက်ကိုကျည်မှန်ကာ ကျဆုံးခဲ့ရကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement
Public Service Announcement

“သတင်းပေါက်လို့ သူတို့ဘက်ကအရင်ကြိုပစ်တာ။ပခုက္ကူခရိုင်ရင်း၂က ရဲဘော်တစ်ယောက်ကျတယ်။ သူတို့ဘက်ကသေတာတော့မသိရသေးဘူး။သူတို့ကအင်အား၂၀ လောက်ရှိတယ်။ ကျွန်တော်တို့က ၆၀ လောက်ရှိတယ်။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စွဲထားသော စာသင်ကျောင်းဝင်းအထိ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ပခုက္ကူစက်မှုဇုန်မှ စစ်ကူများတက်လာသည်ဟု သတင်းရရှိသောကြောင့် စစ်အုပ်စုတပ်စွဲထားသော ဘုန်းကြီးကျောင်းဘက်သို့ ဆက်လက်သိမ်းပိုက်နိုင်ခြင်းမရှိကြောင်း Earthquake People’s Defence Force အဖွဲ့ကဆိုသည်။

ထိုတိုက်ပွဲတွင် စစ်အုပ်စု၏ ထိခိုက်မှုအား စုံစမ်းနေကြောင်း၊ ထိုစစ်ဆင်ရေးအားEarthquake People’s Defence Force၊ မြိုင် ( ပကဖ) တပ်ရင်း(၂)တပ်ခွဲ(၁)၊ Middle Revolution Task Force-MRTF ၊ King Cobra၊ Royal Defense Force၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့-မြိုင်၊ PKU N PDF နှင့်ပခုက္ကူ ခရိုင်းတပ်ရင်း(၂) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။