Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ အရပ်သား ငါးဦးထိခိုက်

ဇွန်လ ၁၆ ရက် ညပိုင်းက သိမ်ဇရပ်မြို့ အမတ(၃၁၀)နှင့် သိမ်ဇရပ် ရဲစခန်းမှ (၁၂၀) မမ၊ (၆၀) မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - အီးပီအေ)

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ အရပ်သား ပြည်သူ ငါးဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)နယ်မြေခံ တပ်မှူးက ပြောသည်။

ဇွန်လ ၁၆ ရက် ညပိုင်းက သိမ်ဇရပ်မြို့ အမတ(၃၁၀)နှင့် သိမ်ဇရပ် ရဲစခန်းမှ (၁၂၀) မမ၊ (၆၀) မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးနှင့် ဧက. ၇၀ ကျောက်မိုင်းဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ရွာလေး ကွက်သစ် (၈)လမ်းသို့ ကျရောက် ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ငါးဦးထိခိုက်ခဲ့ကြောင်း KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိခိုက်ဒဏ်ရာရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်ပါဝင်သည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ (၃၆)နှစ်အရွယ်နှင့် (၃၈)နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ အမျိုးသား နှစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကို KNU/KNLA ၊ PDF တို့က လုပ်ဆောင်သည်ဟု ဟစ်ကောင်စီက ဝါဒဖြန့်ခဲ့ကြောင်း၊ ရဲသတင်းပေးများက ကျေးရွာအတွင်း လိုက်လံပြောဆိုနေကြောင်း KNLA တပ်မှူးက ပြောသည်။

သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီအမြောက်တပ်နှင့် ခမရ(၂၀၇)တပ် ၊ ပျူစောထီး ပဲသီးအဖွဲ့ ၊ သိမ်ဇရပ် ရဲစခန်းတို့ မှ လက်နက်ကြီးများ အဆင်ခြင်မဲ့ပစ်ခတ်နေ၍ အရပ်သားပြည်သူ နှင့် ကျွဲ ၊ နွားများ သေဆုံးထိခိုက် မကြာခဏ ရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။