Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

တားမြစ်ကုန်စည်များ ရောင်းချသည့် ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်းဆောင်သည့်လုပ်ငန်းများကို အရေးယူမှုများ စတင်နေပြီးဖြစ်ကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေးဆောင်သူများသည် ရက်လွန်ကြေးပါ ပေးဆောင်ရမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ
ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် ကုတ်စည်နှင့်လုပ်ငန်းအမျိုးအစားကို ကလေးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

အခွန်ကောက်ခံခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရန်အတွက်နှင့် ပြည်သူလူထုအားဝန်မပိစေဘဲ အခွန်စနစ်ဖြင့် လည်ပတ်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ
ကလေးမြို့နယ်အတွင်း အခွန်ကောက်ခံမည့် အမျိုးအစားများ မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့က​ကြေညာ

အခွန်ကောက်ခံရာတွင် သယံဇာတနှင့်စည်ပင်စသည့် အမျိုးအစားနှစ်မျိုးဖြင့် ပတ်သတ်သည့်အခွန်နှင့် ဒဏ်ကြေးအမျိုးအမည်များကို ထုတ်ပြန်ခြင်းဖြစ်သည်။

က​လေးမြို့​ပေါ်နှင့် မြို့နယ်အတွင်းအခွန်​ကောက်ခံမည့်သယံဇာတနှင့်ပတ်သတ်၍ အမျိုးအစား ၉ မျိုးထုတ်ပြန်ပြီး ၎င်းတို့ထဲတွင် ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ်ခွေ/ကျောက်ခွေ၊ မီးသွေးအိတ်၊ ထင်း၊ ဝါး၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့ကို အခွန်ကောက်မည်ဟု ကလေးမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စည်ပင်နှင့်ပတ်သတ်၍ ကုန်စုံဆိုင်များ၊ လိုင်းကားများ၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံတွင် ဆန်နှင့်ပဲ အမျိုးအစားများ ၊ သစ်စက်၊ ယစ်မျိုးလိုင်စင်စသည့်တို့ဖြစ်သည်ဟု ​ဖော်ပြထားသည်။

သို့​သော်ပြည်သူများသပိတ်​မှောက်ထား​သော စစ်တပ်နှင့် စစ်တပ်ဆက်စပ်ထုတ်ကုန်များကိုစာရင်းမသွင်း​ပါ။

“လက်ရှိ အခွန်ကတော့ ဆောင်တဲ့သူ ဆောင်တယ်၊ မဆောင်တဲ့သူ မဆောင်ဘူးပေါ့။ အဲ့လိုဖြစ်နေလို့အခွန်ရှောင်တွေကိုအရေးယူ တော့မယ်လို့ ထုတ်ပြန်တာပါ။ပြည်သူနဲ့အတူရှိနေပါတယ်၊လုပ်စရာရှိတာဆက်လုပ်နေပါတယ်။”ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာ၀န်ခံက People’s Spring သတင်းဌာနသို့ပြောကြားသည်။

တားမြစ်ကုန်စည်များ ရောင်းချသည့် ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်းဆောင်သည့်လုပ်ငန်းများကို အရေးယူမှုများ စတင်နေပြီးဖြစ်ကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေးဆောင်သူများသည် ရက်လွန်ကြေးပါ ပေးဆောင်ရမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

“အုပ်ချုပ်မှုအာဏာထူထောင်နိုင်တဲ့ ဒေသတွေမှာ အခွန်ကောက်ခံတဲ့စနစ်ဟာပျော့ပြောင်းစွာကောက်ခံတဲ့စနစ်ဖြစ်သင့်ပါတယ်။တော်လှန်ရေးအတွက် ရန်ပုံငွေရရှိဖို့…၂နှစ်,သို့မဟုတ် ၃နှစ်စာ ကြိုတင်အခွန်ဆောင်ပေးကြပါလို့စည်းရုံးမယ်။ကြိုတင်ခွန်ပေးဆောင်ကြသူတွေကိုမှတ်တမ်းပြုထားပြီး…’ပြည်တော်သစ်’ဖြစ်တည်ချိန်မှာ ဂုဏ်ပြုပေးကြမယ်ဆိုရင်(နှစ်တို,အခွန်ကင်းလွတ်ခွင့်ပေးတာမျိုးနဲ့) ပိုကောင်းမယ် ထင်မိပါတယ်။ကြာလေတန်ဘိုးမဲ့လာနေ ဖြစ်နေတဲ့ တိရိစ္ဆာန်ရုပ်ပုံငွေ​စက္ကူတွေကြောင့် ပြည်သူတွေ မွန်းကျပ်နေကြရတာကို မမေ့ကြပါနဲ့” ဟု People’s Spring စာဖတ်ပရိတ်သတ် ပြည်သူတစ်ဦးကလည်း အခွန်​ကောက်ခံမှုနှင့် ပတ်သပ်၍ အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများ နှင့်ပျူစောထီးကျေးရွာများ အနီးရှိ ပြည်သူများ ရှောင်တိမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။