Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် KIOအကြားရှိထားပြီးသော အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မြဲရေး ဆောင်ရွက်မည်ဟု NLD ထုတ်ပြန်

ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

(၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-KIO)
(၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-KIO)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့အစည်းအကြား ရှိထားပြီးသော အပြန်အလှန်ယုံ‌ကြည် လေလးစား၊ တန်ဖိုးထားမှုများကို ပိုမိုခိုင်မြဲအဓွန့်ရှည်စေရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLDက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ၂၀၁၁က လိုင်ဇာ၌ ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနား မှတ်တမ်း၊ လက်မှတ်များပေးပို့လာသည့်အတွက် ကြည်နူးဝမ်းမြောက်ကြောင်း NLDက ထုတ်ပြန် သည်။

ထိုသို့ ဆုတောင်းမေတ္တာစာပို့သခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ ကျင်းပမှု မှတ်တမ်းများ ပေးပို့ခြင်း တို့မှ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပေးသည့် သဘောမျိုး ဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။