Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် KIOအကြားရှိထားပြီးသော အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မြဲရေး ဆောင်ရွက်မည်ဟု NLD ထုတ်ပြန်

ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

(၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-KIO)
(၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက်မွေးနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-KIO)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့အစည်းအကြား ရှိထားပြီးသော အပြန်အလှန်ယုံ‌ကြည် လေလးစား၊ တန်ဖိုးထားမှုများကို ပိုမိုခိုင်မြဲအဓွန့်ရှည်စေရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLDက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ၂၀၁၁က လိုင်ဇာ၌ ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနား မှတ်တမ်း၊ လက်မှတ်များပေးပို့လာသည့်အတွက် ကြည်နူးဝမ်းမြောက်ကြောင်း NLDက ထုတ်ပြန် သည်။

ထိုသို့ ဆုတောင်းမေတ္တာစာပို့သခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ ကျင်းပမှု မှတ်တမ်းများ ပေးပို့ခြင်း တို့မှ ချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပေးသည့် သဘောမျိုး ဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီက​နေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေထဲက နေရာ ၁၁နေရာကို အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၂၁ရက်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက သတ်မှတ်သလို နိုင်ငံရေးအကျဥ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားမှုကြောင့် ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။